ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ

ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သောအနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်သော သတင်းလွှာ

Thu, 08/13/2020 - 09:03 -- eiprdep
Undefined

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့်သတ်မှတ်ချက်တွင် Grey List တွင် ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာ များ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/ တင်သွင်း ခြင်းကိုအကြောင်းပြု၍ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်း မရှိစေရေး သေချာစွာစိစစ်ဆောင်ရွက်ရန်လိုအပ်သဖြင့် အဆိုပါပစ္စည်းများ တင်ပို့/ တင်သွင်းခွင့် လိုင်စင်များကို L/C (သို့မဟုတ်) TT စနစ်ဖြင့် ခွင့်ပြုခြင်းအစား ဤသတင်းလွှာထုတ်ပြန်သည့် နေ့မှစ၍  Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည့် သတင်းလွှာ

သတင်းလွှာ (၁၀/၂၀၂၀)

Latest News: 
Latest New တင္ရန္

ယမကာတင်သွင်းခွင့်မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်းသည့်သတင်းလွှာ (၉ /၂၀၂၀)

Thu, 06/11/2020 - 12:08 -- eiprdep
Undefined

 

ယမကာတင်သွင်းခွင့်မှတ်ပုံတင်လျှောက်ထားခြင်း၊ပြင်ဆင်ခြင်း၊သက်တမ်း တိုးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာခြင်း

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၀) ပါ အရက်တင်သွင်းခွင့် လုပ်ထုံးလုပ် နည်းများ၏  အပိုဒ် (၁၅) အရ ယမကာတင်သွင်းခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်သက်တမ်းတိုးကြေး ၊ မှတ်ပုံတင်ပြင်ဆင်ကြေးများကို ထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်။

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့် ပတ်သတ်သောသတင်းလွှာ (၈/၂၀၂၀)

Fri, 05/22/2020 - 06:08 -- eiprdep
Undefined

Myanmar Tradenet Member ဝင်ခြင်းနှင့်သက်တမ်းတိုးလျှောက်ထားခြင်းဆိုင်ရာ သတင်းလွှာထုတ်ပြန်ခြင်း

သတင်းလွှာ (၈/၂၀၂၀)

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း

Wed, 05/13/2020 - 05:00 -- ictuser
Undefined

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း

၁။         ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားရှိပါသည်။

၂။         ယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန် ရငွေအားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်း အသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိပါသည်။

၃။         ၂၀၁၇ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ(၄၅၃)ခုရှိသည်ကို စိစစ်တွေ့ရှိရ သဖြင့် အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ရက်ပေါင်း(၆၀)အတွင်း  ပို့ကုန်ရငွေ အားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုးဆော်ခဲ့ပြီး ယင်းကာလအတွင်း ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ပိတ်သိမ်းခြင်း အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ၂၇-၁-၂၀၂၀ ရက်နေ့မှစ၍ အသိပေးကြေညာခဲ့ပါသည်။

၄။         ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆဌမအကြိမ်အဖြစ် ပို့ကုန်ရငွေ  အပြည့်အဝပြန်လည်ဝင်ရောက်လာသော ကုမ္ပဏီ(၃)ခုစာရင်းနှင့်ကျန်ရှိသော ပို့ကုန် ရငွေအတွက် ငွေပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း အထောက်အထားများနှင့်အတူ တင်ပြ ထားသည့် ကုမ္ပဏီ(၁)ခုစာရင်းအား ပေးပို့လာခဲ့ပါသဖြင့် ပို့ကုန်ရငွေ ပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ (၃၁၉)ခု ကျန်ရှိနေပါသည်။

၅။         အဆိုပါ ကုမ္ပဏီ(၃၁၉)ခုအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေအားလုံးကို မိမိတို့ ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။ (အသေးစိတ် ကုမ္ပဏီအမည်စာရင်းအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Website- www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 

           

                                                                                                    ကုန်သွယ်ရေးဦးစီးဌာန

                                                                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  

  ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ   ၁၁           ရက်

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၇/၂၀၂၀)

Tue, 05/12/2020 - 11:06 -- dotadmin
Undefined

ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့ခွင့် လိုင်စင်ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းပါ စည်းကမ်းချက်ပြင်ဆင်သောသတင်းလွှာ (၇/၂၀၂၀)

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၇/၂၀၂၀)

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၆/၂၀၂၀)

Thu, 04/30/2020 - 11:02 -- dotadmin
Undefined

Fully Online Licensing စနစ်ကိုအသုံးပြု၍ လိုင်စင်လျှောက်ထားနိုင်သည့် ပို့ကုန်/သွင်းကုန်ပစ္စည်းအမယ်များ တိုးမြှင့်ဆောင်ရွက်ခြင်း

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၆/၂၀၂၀)

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ(၄/၂၀၂၀)

Mon, 04/27/2020 - 07:09 -- ictuser
Undefined

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတတ်ပုံတင်များအား သက်တမ်းယာယီတိုးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့် ပတ်သတ်သောသတင်းလွှာ (၅/၂၀၂၀)

Sat, 04/25/2020 - 04:57 -- eiprdep
Undefined

COVID-19 ကာလအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့ခွင့်လိုင်စင်ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းထုန်ပြန်သည့် သတင်းလွှာ (၅/၂၀၂၀)

Latest News: 
Latest New တင္ရန္

ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့သည့် လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်သော သတင်းလွှာ(၃/၂၀၂၀)

Tue, 04/07/2020 - 15:16 -- dotadmin
Undefined

ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့သည့်  လုပ်ငန်းအစီအစဉ် ထုတ်ပြန်ခြင်း

Latest News: 
Latest New တင္ရန္

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ်ကုန်အခြေအနေများကို အသိပေးကြေညာသည့် သတင်းလွှာ

Tue, 02/04/2020 - 07:22 -- eiprdep
Undefined

နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအနေဖြင့် ရှင်းလင်းစွာသိရှိဆောင်ရွက်နိုင်စေရန်အတွက် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ်ကုန်အခြေအနေကို ထုတ်ပြန်သည့်သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၂/၂၀၂၀)

Latest News: 

Pages

Subscribe to RSS - ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ