အမိန့်ကြော်ငြာစာများ
၂၀၂၀ အမိန့်ကြော်ငြာစာအကျဉ်းချုပ်
၂၀၂၀ အမိန့်ကြော်ငြာစာအကျဉ်းချုပ်
သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။
အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သည့် လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများမှ ကုန်စည်လိုင်း (၆၈၉)လိုင်းအား လိုင်စင်မလိုသောကုန်စည်လိုင်းအဖြစ် ဖြေလျှော့ပြီး ကျန်ရှိသည့် ကုန်စည်လိုင်း (၃၉၃၁)လိုင်းအား လိုင်စင်လျှောက်ထားရန် လိုသောကုန်စည်စာရင်းအဖြစ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
ယခင်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၂/၈၉ ဖြင့် ထုတ်ပြန်ခဲ့သော စီးပွားရေးအကျိုးဆောင်များ မှတ်ပုံတင်ခြင်းအမိန့်ပါ အပိုဒ် (၅) နှင့် အပိုဒ် (၇) ၊ အပိုဒ်ခွဲ (က)နှင့် (ခ) တို့ကို အစားထိုးထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
Covid-19 နှင့်ဆက်စပ်သည့် သက်ရောက်မှုများ လျော့ပါးသက်သာစေရေးအတွက် ဘဏ်များအား ဖြေလျှော့ပေးသည့်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက် ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ ကျန်ရှိသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၅၀% ကို ထည့်သွင်း တွက်ချက်ရန် ခွင့်ပြုခဲ့ခြင်းအစား ၂၀-၄-၂၀၂၀ ရက်နေ့မ
ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီးး အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ် တင်သွင်း/ဝယ်ယူခွင့်ပြုုသွားမည်ဖြစ်ပြီး ကြေငြာချက် အပြည့်အစုံအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမ
အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့သည့် သွင်းကုန်လိုင်စင် (၁)စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် တစ်ပြေးညီ ဖြေလျှော့ကောက်ခံသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားကို ယခင်က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ခြင်း အစား ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်သတ်မှတ်လိုက်သည်။
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ဖြင့် ပြဋ္ဌာန်းခဲ့သော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ၁-၇-၂၀၂၀ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခြင်း
၂၀၂၁ ခုနှစ်အတွက်ပြည်ပမှ မော်တော်ယဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ပူးတွဲပါ PDF file တွင်ဖတ်ရှုနိုင်ပါသည်။
အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ပစ္စည်းများအနက် ပင်လယ်ရေကြောင်းမှလည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုမှလည်းကောင်း၊ လေကြောင်းမှလည်းကောင်း ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအား သတ်မှတ်ထုတ်ပြန်ခြင်း
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန် အမိန့် - ၆၃/၂၀၂၀