စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိနားလည် လိုက်နာ ဆောင်ရွက်ရမည့် အရောင်းမြှင့်တင်ခြင်း ဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အမိန့်ထုတ်ပြန်ခြင်း

Wed, 04/22/2020 - 05:20 -- competition

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လပ်၍မျှတသောယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီတိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့်ရရှိစေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး တို့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိနားလည်လိုက်နာဆောင်ရွက်ရမည့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အမိန့်အမှတ် (၂/၂၀၂၀) ကို ထုတ်ပြန်လိုက်သည်။

နှစ်အလိုက်အမိန့်ကြော်ငြာစာများ