ကော့သောင်းကုန်သွယ်ရေးစခန်း၏ကုန်သွယ်မှုအခြေအနေ

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်တို့ ဖြစ်သည်။
 

   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အများဆုံး တင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်း ၁၀ မျိုးမှာ စက်ဟောက် ၁၈၉.၉၆၇ တန်၊ ငါးနီငယ် ၁၇၀.၆၃၀ တန်၊ တူးခက် ၈၂၁.၃၃၀ တန်၊ တာဝမ် ၁၄၈.၈၉၀ တန်၊ ဘောင်းကြေး ၂၈၉.၂၃၀ တန်၊ ငါးမည်းလုံး ၂၂၅.၂၈၀ တန်၊ ငါးပုလွေ ၁၆၃.၅၄၀ တန်၊ ကဗျက် ၁၅၃.၅၇၀ တန်၊ ငါးဗျောသီး ၈၁.၇၆၀ တန် နှင့် လိုင်းဝါ ၁၃၇.၈၈၀ တန်တို့ဖြစ်ကြောင်း သိရှိရသည်။

DOT (ကော့သောင်း)