ကုန်သွယ်ရေးဦးစီးဌာန Thursday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Tue, 12/19/2023 - 03:50 -- DotTrading

ကုန်သွယ်ရေးဦးစီးဌာန

Thursday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ညီလာခံခန်းမ၌ စကားဝိုင်း ဆွေးနွေးပွဲ ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာ စကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ပြည်ပ၌ ဖွင့်လှစ်ပို့ချသည့်သင်တန်းများတွင် သာမက ပြည်တွင်းသင်တန်းများတွင်လည်း ထူးချွန်စွာပြီးမြောက်အောင် ကြိုးစားကြရန်၊ ကုန်သွယ်မှု မူဝါဒများကို သိရှိနားလည်ပြီး အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အရည်အချင်း (Skill) ပြည့်ဝ အောင်ဆောင်ရွက်ရန်၊ ယုံကြည်မှု (Trust) ရရှိအောင်တည်ဆောက်ရန်၊ ပူးပေါင်းပါဝင်မှု (Cooper- ation) အပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ Digital Trade နှင့် E- commerce ပညာရပ်များကို မျက်ခြည်မပြတ် လေ့လာမှတ်သားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

၃။         ဆွေးနွေးပွဲတွင် စင်ကာပူသမ္မတနိုင်ငံ၌ နိုဝင်ဘာ (၆) ရက်မှ (၁၀) ရက်အထိ ဖွင့်လှစ်ခဲ့သည့် ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာသင်တန်းသို့ တက်ရောက်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင်က ‘‘ဒီဂျစ်တယ်ကုန်သွယ်ရေးမှသည် ဒီဂျစ်တယ် စီးပွားရေးဆီသို့’’ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးညီညီအောင်က ထပ်မံဖြည့် စွက်ဆွေးနွေးခဲ့ပါသည်။       

၄။          ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့်(အောက်မြန်မာပြည်) တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများဖြစ်သော အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၇) တွင် သင်တန်းသူ စံပြဆု စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၀၆) တွင် သင်တန်းသား ဒုတိယဆု ၊ စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ် (၁၀၆)တွင် သင်တန်းသား ဒုတိယဆု၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၉၆) တွင် သင်တန်းသား သေနတ်ပစ်ထူးချွန်ဆုနှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၇) တွင် အဆင့် (၄) ရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။

၅။         ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ တက်‌ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။