အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူညီချက်၏ စတုတ္ထအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု

Thu, 09/28/2023 - 09:24 -- regionaldep

အစည်းအဝေးကို မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့်စက်မှုဝန်ကြီး ဌာနမှ Mr. Aziz Sharkawi နှင့် ကနေဒါနိုင်ငံမှ Ms. Shezara Ali တို့က တွဲဖက်ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာ ရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ တာဝန်ရှိကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ကိုယ်စားလှယ် (၄) ဦးက အွန်လိုင်းဖြင့် ပါဝင်ချိတ်ဆက်တက်ရောက် ဆွေးနွေးလျက်ရှိပါသည်

    အစည်းအဝေးတွင် ကနေဒါနိုင်ငံက အဆိုပြုထားသော စာတမ်းနှင့်အညီ ပင်ရင်းနိုင်ငံဆိုင်ရာစည်းမျဉ်းများ၊ အာဆီယံကအဆိုပြုထားသည့် ဒေသတွင်းတန်ဖိုးပါဝင်မှုနှင့် ကနေဒါက အဆိုပြုထားသော ပါဝင်မှုတန်ဖိုးဦးစား ပေးနည်းလမ်းတို့ကို ဆွေးနွေးခြင်း၊ ပေါင်းစပ်တွက်ချက်ခြင်း၊ ထုတ်လုပ်မှုတွင်အသုံးပြုထားသော ပစ္စည်းများ၊ ကုန်စည်တစ်ခုနှင့်တစ်ခု အစားထိုးအသုံးပြုထားသည့် ကုန်စည်များ (ဥပမာ- သစ်အစားထိုးကြိတ်သား)၊ ပင်ရင်းသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားခြင်းမပြုသည့် ကုန်စည်အပေါ် အနည်းငယ်သော ပြုပြင်ဆောင်ရွက်ချက်များကို ဆွေးနွေးခြင်း နှင့် အပြည့်အဝပြည်တွင်းထုတ်ကုန်နှင့် ပင်ရင်းကုန်စည်များ အခန်းတို့ကို ပြန်လည်ဆွေးနွေးကြ ပါသည်။

     ပင်ရင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အာဆီယံက အဆိုပြုထားသော ပင်ရင်းနိုင်ငံသက် သေခံလက်မှတ်၊ ကနေဒါနိုင်ငံ၏ အဆိုပြုချက်အသစ်ဖြစ်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်၊ ပင်ရင်းသက်သေနှင့် ကုန် ပစ္စည်း ထောက်ပံ့ပေးသူတို့အား ခွင့်ပြုပေးသည့် သက်တမ်းအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ ပြစ်မှုပြစ်ဒဏ်အခန်းနှင့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်နှင့် ပင်ရင်းသက်သေ ကင်းလွတ်ခွင့်ရှိသူများ အကြောင်းတို့ကို ဆွေးနွေးလျက်ရှိပါသည်။