အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူညီချက်ဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းအဖွဲ့၏ ပဥ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု

Wed, 09/27/2023 - 07:50 -- regionaldep

       အာဆီယံ - ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူညီချက်ဆိုင်ရာဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းအဖွဲ့၏ ပဥ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် ကနေဒါနိုင်ငံမှ ကိုယ်စားလှယ်များ၊ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ် ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ အရာထမ်း ကိုယ်စားလှယ်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးလျက်ရှိပါသည

    အဆိုပါအစည်းအဝေး၌ လူပုဂ္ဂိုလ်များယာယီရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအခန်းကို ဆွေးနွေးခြင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့် ၎င်းတို့၏ပြည်တွင်းစည်းမျဉ်းစည်းကမ်းများကို Power Point ဖြင့် တင်ပြဆွေးနွေးခြင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး/ နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာအခန်း၊ စီမံဆောင်ရွက်ချက်များ၏ တိုးတက်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာပြဋ္ဌာန်းချက်/ ပြည်တွင်းလုပ်ထုံးလုပ်နည်းများ၊ ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများ၏ ပြဋ္ဌာန်းချက်နှင့် လုပ်ငန်းအစီအစဉ်တို့အပေါ် အဖွဲ့ဝင်နိုင်ငံများ၏သဘောထားရပ်တည်ချက်များကို ဆွေးနွေးလျက်ရှိပါသည်။