နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများ၊ ဩစတြေးလျနိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ကြီးကြပ်ဆောင်ရွက်ခြင်းဌာနစု
(က) အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများ၊ ဩစတြေးလျနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ Focal အဖြစ်ဆောင်ရွက်ခြင်း၊
(ခ) ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသော အခက်အခဲများနှင့် ဖြေလျှော့ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ကုန်သွယ်ဘက်နိုင်ငံရှိ Counterpart ဌာနသို့ တိုက်ရိုက်သော်လည်းကောင်း၊ သံတမန် လမ်းကြောင်းမှတစ်ဆင့်လည်းကောင်း အချိန်နှင့်တစ်ပြေးညီ စေ့စပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်း၊
(ဂ) ကုန်သွယ်ဖက်နိုင်ငံများနှင့် နားလည်မှုစာချွန်လွှာ (MoU) များ၊ သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊
(ဃ) ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီများအဆင့် ဦးဆောင်သည့် ကုန်သွယ်ရေးပူးတွဲ ကော်မရှင်/ ကော်မတီအစည်းအဝေးများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊
(င) ညွှန်ကြားရေးမှူးချုပ်အဆင့် ဦးဆောင်သည့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကော်မတီ အစည်းအဝေးများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊
(စ) အထက်မှ အခါအားလျော်စွာပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
အရှေ့တောင်အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ကြီးကြပ်ဆောင်ရွက်ခြင်းဌာနစု
(က) အရှေ့တောင်အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ Focal အဖြစ်ဆောင်ရွက်ခြင်း၊
(ခ) ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသော အခက်အခဲများနှင့် ဖြေလျှော့ဆောင်ရွက်သင့်သည့်ကိစ္စရပ်များအား ကုန်သွယ်ဘက်နိုင်ငံရှိ Counterpart ဌာနသို့ တိုက်ရိုက်သော်လည်းကောင်း၊ သံတမန် လမ်းကြောင်းမှတစ်ဆင့်လည်းကောင်း အချိန်နှင့်တစ်ပြေးညီ စေ့စပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်း၊
(ဂ) ကုန်သွယ်ဖက်နိုင်ငံများနှင့် နားလည်မှုစာချွန်လွှာ (MoU) များ၊ သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊
(ဃ) ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီများအဆင့် ဦးဆောင်သည့် ကုန်သွယ်ရေးပူးတွဲ ကော်မရှင်/ ကော်မတီအစည်းအဝေးများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊
(င) ညွှန်ကြားရေးမှူးချုပ်အဆင့် ဦးဆောင်သည့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကော်မတီ အစည်းအဝေးများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊
(စ) အထက်မှ အခါအားလျော်စွာပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
စီမံရေးရာနှင့်တွေ့ဆုံဆွေးနွေးပွဲကိစ္စရပ်များကြီးကြပ်ဆောင်ရွက်ခြင်းဌာနစု
(က) ကုန်သွယ်ဖက်နိုင်ငံများနှင့်နားလည်မှုစာချွန်လွှာ (MoU) များ၊ သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊
( ခ) ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့အား လာရောက် ဂါရဝပြုတွေ့ဆုံ ဆွေးနွေးမှုများအတွက် ဆွေးနွေးပြောကြားရန် အချက်လက်များ ပြုစု ဆောင်ရွက်ခြင်း၊
( ဂ) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ လက်ခံတွေ့ဆုံသည့် တွေ့ဆုံ ဆွေးနွေးပွဲများအတွက် ဆွေးနွေးပြောကြားရန် အချက်အလက်များပြုစုခြင်း၊ တွေ့ဆုံပွဲ များအား ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းများ ပြုစု ဆောင်ရွက်ခြင်း၊
(ဃ) အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူ စာချုပ်များအပေါ် သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေး စိစစ်ဆောင်ရွက်ခြင်း၊
( င) အခြားဝန်ကြီးဌာနများမှ Call တွေ့ဆုံခြင်းအတွက် လိုအပ်သည့် အချက်အလက်များ ပြုစုပေးခြင်း၊
( စ) စီမံရေးရာနှင့်ငွေစာရင်းဌာနခွဲ ကိစ္စရပ်များကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊
(ဆ) အထက်မှ အခါအားလျော်စွာပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊