စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ ဝါတွင်းကာလ ဥပုသ်နေ့ ဝတ်ရွတ်ပူဇော်ခြင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့၊ ၁၃၇၄ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (သောကြာနေ့)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး၊ ဝတ်ရွတ်သူများနှင့် ဝန်ထမ်းများအား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းအိ မိသားစုမှ ရခိုင်မုန့်တီဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။