ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၆၃၄၃၀.၉၃၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၇၅.၈၂၂)သန်း၊ နယ်စပ်မှ (၇၆၁၈၇၄.၈၆၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၈၇.၂၀၀)သန်း၊ စုစုပေါင်း (၁၆၂၅၃၀၅.၇၉၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၆၃.၀၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ တွက်
ပုံ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
(၂-၇-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၅၀.၂၆၇ ၇.၃၉၀ ၃၅၇.၆၅၇
ကီလို ၄၅၄၂၅၈.၃၄၆ ၈၆၅၀.၆၂၀ ၄၆၂၉၀၈.၉၆၆
  ပဲတီစိမ်း US$ ၁၇၃.၆၄၀ ၂၈၁.၂၈၉ ၄၅၄.၉၂၉
ကီလို ၁၈၃၁၈၄.၁၉၅ ၃၉၉၁၉၁.၇၂၉ ၅၈၂၃၇၅.၉၂၄
  ပဲတီစိမ်းလုံးခြမ်း US$   ၃.၄၉၃ ၃.၄၉၃
ကီလို   ၂၆၁၅.၀၀၀ ၂၆၁၅.၀၀၀
  ပဲစဉ်းငုံ US$ ၉၇.၉၇၇ ၀.၆၅၄ ၉၈.၆၃၁
ကီလို ၁၄၆၃၂၁.၁၀၉ ၁၁၁၂.၇၅၀ ၁၄၇၄၃၃.၈၅၉
  ကုလားပဲ US$ ၁၂.၃၂၈ ၁.၉၀၇ ၁၄.၂၃၅
ကီလို ၂၁၀၃၃.၀၅၆ ၃၁၅၂.၅၅၀ ၂၄၁၈၅.၆၀၆
  ပဲလွန်းဖြူ US$ ၇.၆၃၂ ၁၇.၃၁၈ ၂၄.၉၅၀
ကီလို ၈၁၀၉.၃၆၂ ၃၇၈၉၇.၇၀၄ ၄၆၀၀၇.၀၆၆
  မြေထောက်ပဲ US$ ၉.၈၁၂ ၂၅.၄၂၇ ၃၅.၂၃၉
ကီလို ၁၂၃၃၂.၁၈၁ ၃၇၅၈၆.၁၇၀ ၄၉၉၁၈.၃၅၁
  ထောပတ်ပဲ US$ ၇.၈၀၃ ၁၅.၂၁၉ ၂၃.၀၂၂
ကီလို ၁၄၄၇၅.၉၉၃ ၂၅၆၅၈.၆၇၀ ၄၀၁၃၄.၆၆၃
   ပဲယင်း US$ ၈.၂၉၉ ၂၀.၄၉၅ ၂၈.၇၉၄
ကီလို ၁၂၇၉၁.၅၉၀ ၄၁၅၄၄.၄၄၀ ၅၄၃၃၆.၀၃၀
  ၁၀ ပဲကြီး US$ ၀.၁၆၈ ၁၁.၁၂၄ ၁၁.၂၉၂
ကီလို ၂၄၁.၇၁၅ ၁၈၅၈၄.၁၅၀ ၁၈၈၂၅.၈၆၅
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၇၄၅   ၀.၇၄၅
ကီလို ၁၂၈၉.၁၅၃   ၁၂၈၉.၁၅၃
  ၁၂ စွန်တာပြာ US$ ၀.၃၈၇ ၀.၀၀၀ ၀.၃၈၇
ကီလို ၆၈၇.၃၉၀ ၀.၀၀၀ ၆၈၇.၃၉၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၉.၉၄၉ ၉.၉၄၉
ကီလို   ၁၅၃၀၆.၇၈၅ ၁၅၃၀၆.၇၈၅
  ၁၄ ပဲဖြူလေး US$ ၀.၀၂၇ ၀.၀၀၀ ၀.၀၂၇
ကီလို ၄၈.၉၂၅ ၀.၀၀၀ ၄၈.၉၂၅
  ၁၅ ဘိုကိတ်ပဲ US$ ၃.၆၅၂ ၀.၁၇၈ ၃.၈၃၀
ကီလို ၄၂၉၃.၈၄၄ ၂၈၈.၀၅၀ ၄၅၈၁.၈၉၄
  ၁၆ ပဲပုတ်စေ့ US$ ၂.၁၁၈ ၁.၀၅၃ ၃.၁၇၁
ကီလို ၃၃၆၂.၅၄၀ ၂၀၉၉.၃၂၃ ၅၄၆၁.၈၆၃
  ၁၇ ပဲနီကြား US$   ၄.၄၅၁ ၄.၄၅၁
ကီလို   ၉၇၈၈.၅၀၀ ၉၇၈၈.၅၀၀
  ၁၈ နိုင်လွန်ပဲ US$   ၂.၃၈၀ ၂.၃၈၀
ကီလို   ၃၂၉၇.၅၇၅ ၃၂၉၇.၅၇၅
  ၁၉ မြေပဲ(အခွံပါ) US$   ၇.၅၆၂ ၇.၅၆၂
ကီလို   ၉၉၂၈.၃၆၅ ၉၉၂၈.၃၆၅
  ၂၀ မြေပဲဆံ US$ ၀.၇၁၄ ၁၇၇.၀၈၉ ၁၇၇.၈၀၃
ကီလို ၇၁၃.၈၀၄ ၁၄၄၇၃၈.၇၃၃ ၁၄၅၄၅၂.၅၃၇
  ၂၁ အခြားပဲ US$ ၀.၂၅၃ ၀.၂၂၂ ၀.၄၇၅
ကီလို ၂၈၇.၇၃၀ ၄၃၃.၇၅၀ ၇၂၁.၄၈၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၇၅.၈၂၂ ၅၈၇.၂၀၀ ၁၂၆၃.၀၂၂
ကီလို ၈၆၃၄၃၀.၉၃၃ ၇၆၁၈၇၄.၈၆၄ ၁၆၂၅၃၀၅.၇၉၇

Sources : Customs

Pages