ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၅-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၄၀၄.၂၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀.၇၀၇) သန်း၊ နယ်စပ်မှ (၉၃၆၇.၃၄၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆.၄၉၉) သန်း၊ စုစုပေါင်း (၇၅၇၇၁.၆၃၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၇.၂၀၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၅-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -      

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂-၂-၂၀၂၃ ဘဏ္ဍာနှစ်
(၁၅-၄-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၅.၁၅၈ ၀.၄၉၉ ၅.၆၅၇
ကီလို ၆၉၃၄.၇၃၅ ၅၅၀.၃၀၀ ၇၄၈၅.၀၃၅
  ပဲတီစိမ်း US$ ၂၈.၈၄၃ ၂.၁၇၉ ၃၁.၀၂၂
ကီလို ၃၆၈၂၆.၃၉၀ ၃၁၅၂.၁၂၅ ၃၉၉၇၈.၅၁၅
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ပဲစဉ်းငုံ US$ ၀.၆၃၄ ၀.၀၁၈ ၀.၆၅၂
ကီလို ၈၇၀.၅၀၀ ၂၅.၀၀၀ ၈၉၅.၅၀၀
  ကုလားပဲ US$ ၀.၇၀၀ ၀.၀၀၄ ၀.၇၀၄
ကီလို ၁၀၈၉.၀၀၀ ၆.၀၀၀ ၁၀၉၅.၀၀၀
  ပဲလွန်းဖြူ US$ ၂.၃၄၁ ၀.၁၂၈ ၂.၄၆၉
ကီလို ၃၃၇၉.၀၀၀ ၂၇၃.၁၇၅ ၃၆၅၂.၁၇၅
  မြေထောက်ပဲ US$ ၅.၂၅၁ ၁.၉၁၁ ၇.၁၆၂
ကီလို ၆၉၇၇.၃၉၁ ၂၉၄၃.၅၀၀ ၉၉၂၀.၈၉၁
  ထောပတ်ပဲ US$ ၁.၅၇၇ ၀.၀၂၇ ၁.၆၀၄
ကီလို ၂၀၁၇.၁၉၁ ၅၀.၀၀၀ ၂၀၆၇.၁၉၁
   ပဲယင်း US$ ၃.၀၅၉ ၀.၂၆၄ ၃.၃၂၃
ကီလို ၃၈၈၃.၉၂၆ ၅၆၃.၅၅၀ ၄၄၄၇.၄၇၆
  ၁၀ ပဲကြီး US$ ၁.၀၀၈ ၀.၀၂၇ ၁.၀၃၅
ကီလို ၁၄၃၉.၁၈၀ ၄၉.၀၀၀ ၁၄၈၈.၁၈၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၂၂၉   ၀.၂၂၉
ကီလို ၂၈၈.၀၀၀   ၂၈၈.၀၀၀
  ၁၂ စွန်တာပြာ US$ ၀.၁၀၂ ၀.၀၀၀ ၀.၁၀၂
ကီလို ၁၄၀.၀၀၀ ၀.၀၀၀ ၁၄၀.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၅၃ ၀.၀၅၃
ကီလို   ၈၁.၅၀၀ ၈၁.၅၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၁.၂၀၁ ၀.၀၀၀ ၁.၂၀၁
ကီလို ၁၆၅၆.၉၀၀ ၀.၀၀၀ ၁၆၅၆.၉၀၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၁၄၈ ၀.၁၄၈
ကီလို   ၃၆၅.၅၀၀ ၃၆၅.၅၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၁၆ ၀.၀၁၆
ကီလို   ၁၉.၅၀၀ ၁၉.၅၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၃၂ ၀.၀၃၂
ကီလို   ၄၁.၈၅၀ ၄၁.၈၅၀
  ၂၀ မြေပဲဆံ US$ ၀.၃၃၁ ၁.၁၉၃ ၁.၅၂၄
ကီလို ၃၉၆.၁၀၀ ၁၂၄၆.၃၄၀ ၁၆၄၂.၄၄၀
  ၂၁ အခြားပဲ US$ ၀.၂၇၃ ၀.၀၀၀ ၀.၂၇၃
ကီလို ၅၀၅.၉၈၄ ၀.၀၀၀ ၅၀၅.၉၈၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၅၀.၇၀၇ ၆.၄၉၉ ၅၇.၂၀၆
ကီလို ၆၆၄၀၄.၂၉၇ ၉၃၆၇.၃၄၀ ၇၅၇၇၁.၆၃၇

Pages