တောင်ငူမြို့နယ်တွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေ

Thu, 04/20/2023 - 07:24 -- comsumer

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် “နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နွေစပါးများ စိုက်ပျိုးထားရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး၊ မတ်ပဲ၊ နွေစပါး စသည့် သီးနှံများကို သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးကြပါကြောင်း၊ တောင်ငူမြို့နယ် သည် အရှေ့ရှမ်းရိုးမပေါ်ရှိ ပသိဆည်၊ တောင်ခြေတွင် ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ စစ်တောင်းမြစ်၊ အနောက်ရိုးမ တောင်ပေါ်တွင် ခပေါင်းဆည်တို့ ရှိနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှု အတွက် လုံလောက်စွာရေပေးထားနိုင်ကြောင်း သိရသည်။

          စိုက်ပျိုးမှုအနေဖြင့် ပသိဆည်ရေသောက် ၁၅၁၁ ဧက၊ ကမ်းနီ ဆည်ရေသောက် ၁၂၂၀ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ခပေါင်းဆည်ရေသောက် ၁၀၇၉၂ ဧက၊ ရွာတန်းရှည် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ၆၀၀ ဧက၊ သဖန်းပင်ဆိုလာစနစ် မြစ်ရေတင်စီမံကိန်း ၂၀၀ ဧက၊ ပဲချက်ဆိုလာစနစ် ဆည်ရေတင်စီမံကိန်း ၁၅၀ ဧက၊ ချောင်းပိတ်/တာတမံပိတ် ၅၁၃ ဧကနှင့်အင်းအိုင် ၁၀၇၁ ဧက၊ စုစုပေါင်း ၁၇၈၉၁ ဧကကို အောင်မြင်စွာ စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရ သိရသည်။

          စပါးမျိုးအနေဖြင့် နှံကောက်၊ နယူးဧရာ၊ ဆင်းသုခ၊ ရက် ၉၀ စပါးများကို အများဆုံးစိုက်ပျိုး ထားရှိပြီး စပါး ရေသွင်းစိုက်ပျိုးချိန်တွင် ဆည်ရေ လုံလောက်စွာ ရရှိကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအား လယ်တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုများကို ထုတ်ပေးသည့်အတွက် တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း၊ နွေစပါးများကို ဇန်နဝါရီလလယ်တွင် စတင်စိုက်ပျိုးထားပြီး ဧပြီလကုန်တွင် ရိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages