တောင်ငူခရိုင်၏ မြေပဲစိုက်ပျိုးမှုနှင့် စားသုံးဆီဖူလုံမှု အခြေအနေ

Mon, 06/12/2023 - 11:01 -- mocadmin

မြေပဲသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသော ဆီထွက်သီးနှံဖြစ်ပြီး နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနှင့် ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြကြောင်း၊ မိုးဦးစိုက် ပင်ထောင်/ ပင်ပြန့် စိုက်ဒေသများတွင် မေလဆန်းမှ ဇွန်လ(ပထမအပတ်)အတွင်း၊ မိုးနှောင်းသီးထပ် စိုက်ဒေသများတွင် စက်တင်ဘာလဆန်းမှ အောက်တိုဘာလ (ပထမအပတ်) အတွင်း ကိုင်းကျွန်းစိုက်ဒေသများတွင် အောက်တိုဘာလမှ နိုဝင်ဘာလ(ပထမပတ်)အတွင်း၊ စပါးသီးထပ် ဆောင်းမြေပဲ စိုက်ဒေသများတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလ(တတိယအပတ်)အတွင်း စိုက်ပျိုးကြကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် သက်ဆိုင်ရာဌာနမှရရှိသော စာရင်းဇယားများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မိုးမြေပဲ (၈၀၈၃)ဧက စိုက်ပျိုးပြီး အထွက်နှုန်းမှာ (၁)ဧကလျှင် မြေပဲတောင့် (၅၀.၉၂) တင်းနှုန်းဖြင့် စုစုပေါင်း (၄၁၁၅၈၆.၃၆)ထွက်ရှိကြောင်း၊ ဆောင်းမြေပဲ (၁၉၁၉၆) ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ(၁) ဧကလျှင် မြေပဲတောင့် (၆၉.၅၇)တင်းနှုန်းဖြင့် စုစုပေါင်း (၁၃၃၅၄၆၅.၇၂) တင်း ထွက်ရှိကြောင်း သိရသည်။

တောင်ငူခရိုင်တွင် လူဦးရေ (၁၀၅၇၀၀၀) ဦး ခန့်ရှိရာ မျိုး၊ အလေအလွင့်နှင့် စားသုံးမှုကို ချန် လှပ်လျှင် မြေပဲတောင့် (၁၂၃၇၅၀၀) တင်းခန့် ပိုလျှံသဖြင့် စားသုံးဆီအဖြစ် ကြိတ်ခွဲနိုင်မည်ဖြစ် ကြောင်း၊ မြေပဲတောင့်တစ်တင်းလျှင် မြေပဲဆန် ၅ ပိဿာခန့်ရရှိပြီး၊ မြေပဲဆန် ၅ ပိဿာကြိတ်ခွဲလျှင် စားသုံးဆီ ၂ ပိဿာနှင့် ပဲဖတ် ၃ ပိဿာခန့် ထွက်ရှိကြောင်း၊ တောင်ငူခရိုင်မှ ထွက်ရှိသော မြေပဲများ ဆီကြိတ်ခွဲလျှင် စားသုံးဆီ (၁၂၃၇၅၀၀) ပိဿာ၊ တန်အားဖြင့် (၂၀၂၁) တန်ခန့် ထွက်ရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)