ကညွတ်စိုက်ပျိုးသူ တောင်သူများ ဝင်ငွေကောင်း

Thu, 07/14/2022 - 09:11 -- admin_ygn

ကညွတ်သည် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သော အစားအစာဖြစ်သည့်အပြင်  အဆီဓာတ်ပါဝင်မှု  မရှိသလောက် နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးသောကြောင့် နေ့စဉ် စားသောက်သည့် ဟင်းလျာများတွင် ထည့်သွင်း  စား သောက်သင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ကညွတ်စားသုံးခြင်းဖြင့် အရိုးသန်မာစေခြင်း၊ ရောင်ရမ်းမှုကို လျော့ကျ စေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်းအတွက် အကျိုး ပြုခြင်း၊ ကိုယ်ဝန်အတွက်   ကောင်းကျိုးပြုခြင်း၊ ကင်ဆာဆဲလ် တိုက်ဖျက်ခြင်း၊ ကိုယ်အလေးချိန်  လျှော့ချရာတွင် အထောက် အကူပေးခြင်း၊ နှလုံးကျန်းမာရေးကို  ကောင်းမွန်စေခြင်း၊ သွေး တွင်း သကြားဓာတ် ထိန်းညှိခြင်း၊   အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အဆစ်အမြစ်နာရောဂါကို  သက်သာစေ ခြင်း၊ သွေးတိုးကျစေခြင်း၊  တီဘီရောဂါကို   သက်သာစေခြင်း၊ သွေးကြောကျန်းမာရေးကိုကောင်းမွန်စေခြင်း၊  ကိုယ်ခံအားကို ကောင်းစေခြင်း စသည်ဖြင့် ကျန်းမာရေးအတွက် များစွာအကျိုး ပြုသည်။ကညွတ်ကို  မကွေးတိုင်းဒေသကြီးအတွင်း  မကွေး၊ မင်းဘူး၊ ဆင်ပေါင်ဝဲ၊  မြို့သစ်၊  ငဖဲ၊  ပေါက်၊ ကျောက်ထု၊ ဆော၊ ဂန့်ဂေါ စသည့်မြို့နယ်များတွင် စိုက်ပျိုးကြပြီး အခြားတိုင်းဒေသ ကြီးများတွင်လည်း  စိုက်ပျိုးကြကြောင်း သိရှိရသည်။  မျိုးစေ့မှ ပျိုးထောင် ပါက တစ်နှစ်ခန့် ပျိုးထောင်ရကြောင်း၊ တစ်ဧကလျှင် မျိုးစေ့လေးပေါင် လိုအပ်ပြီး မြစ်ဥ ကလေးများ;(Crowns)  တစ် ဧကလျှင် ၂၅၀ဝ၀-၃၀ဝ၀ဝခန့်ထွက်ရှိကြောင်း  သိရှိရသည်။မျိုးစေ့ကိုစိုက်လျှင် တစ်ပင်နှင့် တစ်ပင် တစ်ပေမှ တစ်ပေခွဲ တစ်တန်းနှင့် တစ်တန်း နှစ်ပေမှ နှစ်ပေခွဲခန့်အထိထား၍ စိုက် ပျိုးရပြီး အစေ့မှ အပင်ပေါက်ရန် နှစ်ပတ်မှ ခြောက်ပတ်အထိ ကြာတတ်သဖြင့် အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေတွင်   လေးမိနစ်ခန့် စိမ်ပြီး စိုက်ခြင်းဖြင့် ငါးရက်အတွင်း အပင်ပေါက် ပြီး ရေကို တစ်ရက်တစ်ခါ လဲပေးရကြောင်း၊ ကညွတ်တစ်ဧကခွဲ စိုက်ပျိုးလျှင် တစ်ပတ်တစ်ကြိမ် ခူးနုတ်ပါက ၁၀ပိဿာကျော်  ထွက်ရှိကြောင်း သိရှိရသည်။ထို့ပြင် တောင်ပေါ်ဒေသနှင့် အေးသော အရပ်ဒေသများတွင် ပိုမိုဖြစ်ထွန်းအောင်မြင်လွယ်ကြောင်း သိရှိရသည်။ အပင်အရွယ်အစားကိုလိုက်၍တစ်ပိဿာလျှင် ကျပ်၅၀ဝ၀ခန့်မှ ကျပ် ၆၀ဝ၀ခန့်အထိ ဈေးကောင်းရနေပြီး ကညွတ်စိုက်တောင်သူများ အနေဖြင့် လည်း ကညွတ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်း လျက်ရှိကြောင်း သိရသည်။
ဆုလပြည့်ဝင်း(မကွေး)

 

Local Trade News

Pages