မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၂၉-၁-၂၀၂၃)

Tue, 01/31/2023 - 06:21 -- DotBorderdep

      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက် ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိ သည်။ ၂၉-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၇)စောင် (၀.၀၉၈)ယွမ်သန်း တန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီးအစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁ )ရက်နေ့မှ  (၂၉)ရက်နေ့ထိပို့ကုန်လိုင်စင် (၁ )စောင်နှင့် သွင်းကုန်လိုင်စင် (၇၃၀)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၂၉-၁-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန် ပစ္စည်းများမှာ ပဲတီစိမ်း၊ ကဏန်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ဆန်၊ ကြံ၊ သီဟိုဠ်စေ့၊ သခွားမွှေး၊ ဆန်ကွဲ၊ နှမ်းနက် တို့ဖြစ်ပြီး အများဆုံး သွင်းကုန်ပစ္စည်းများမှာယာဉ်နှင့်ယာဉ်ယန္တရားများ၊ ဆက်သွယ်ရေးသုံးဝါယာကြိုး၊ ကားလေးထုပ်၊ လုပ်ငန်းသုံးလျှပ်စစ်ကိရိယာ၊ ဘတ္ထရီ၊ လိမ္မော်သီး၊ လျှပ်စစ်မီးသီး၊ လျှပ်စီးထိန်းချုပ် ကိရိယာ၊ ဆီစိမ်စက္ကူ တို့ဖြစ်သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ် ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှ တောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်း များနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိသည်။ ၂၉-၁-၂၀၂၃ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၃၇) စောင် ဖြစ်ပြီးဝါဂွမ်း ( ၅ )စောင်၊ ငါးရှဉ့် (၄)စောင်၊ ကဏန်း ( ၁၁ )စောင်၊ ဆန်ကွဲ ( ၁၁ )စောင်၊ ဖရုံသီး(၁)စောင်၊ ကြံ(၅)စောင်တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ Form E (၉၃၄)စောင်ထုတ်ပေးခဲ့သည်။

          ၂၉-၁-၂၀၂၃ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၃၅ )စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၈)စီးစုစုပေါင်း (၃၂၃)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ပဲတီစိမ်း၊ ကဏန်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ဆန်၊ ကြံ၊ သီဟိုဠ်စေ့၊ သခွားမွှေး၊ ဆန်ကွဲ၊ နှမ်းနက် အစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ (၁-၁-၂၀၂၃ မှ ၂၉-၁-၂၀၂၃)ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ(၅၉၅၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၄၆၅)စီး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေကြေး များဖြင့်ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်း ဈေးနှုန်းမှာ(၁)တန်လျှင် (၄၉၆၀-၅၄၆၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၂၅၀-၂၃၀၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၈၅၀၀-၁၀၅၀၀)ယွမ်၊နှမ်းဖြူ (၁)တန် လျှင် (၉၀၀၀-၁၀၀၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၂၈၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးအပ်သည်။

Border Trade News

Pages