နောက်ဆုံးရ သတင်း
၂၆.၁၁.၂၀၁၄ ရက်နေ့တွင် မူဆယ်မြို့ အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် တက်ရောက်
၂၅.၁၁.၂၀၁၄ ရက်နေ့တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ OSS အဖွဲ့ဝင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် တွေ့ဆုံ
၂၂.၁၁.၂၀၁၄ ရက်နေ့တွင် ကလေးမြို့ရှိ SME လုပ်ငန်းများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ကြည့်ရှုအားပေး
၂၂.၁၁.၂၀၁၄ ရက်နေ့တွင် ကလေးမြို့တက္ကသိုလ်မုခ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ထပ်စာသင်ဆောင်သစ် ဆောက်လုပ်ရန်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့်ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့် တက်ရောက်
ဒီဇင်ဘာ ၁၅ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် ရေစကြိုဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၀၉း၄၅ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြင့်နိုင်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ ဥက္ကဌဖြစ်သူ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်ကို ၁၉၉၂ ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး မတည်ငွေရင်း Authorized Capital ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဘဏ်လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရေစကြိုမြို့တွင် ၈ ခုမြောက်ဘဏ်ခွဲအဖြစ် တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ဘဏ်များဆက်လက်တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်သည် လုပ်ငန်းပမာဏကြီးမားလာသည်နှင့်အမျှ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသများတွင်လည်းကောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် EXIM Bank အဖြစ်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံခြားဘဏ်လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံခြားငွေများရောင်းဝယ်သည့်လုပ်ငန်း (Authorized Dealer License) ရရှိပြီးဖြစ်သည်။ လက်ရှိတွင် Money Changer Counter (၃) ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမဏ္ဍိုင်ဖြစ်သော ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လျက် ရှိရာ နိုင်ငံခြားဘဏ်များနှင့် Corresponding Bank ထူထောင်ရေး ဆက်သွယ်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ရေစကြိုဘဏ်ခွဲသည် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေနှင့် အချိန်ပိုင်းငွေလက်ခံခြင်း၊ ချေးငွေများ ထုတ်ချေးခြင်း၊ ပြည်တွင်းငွေလွှဲလုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ငွေပေးအမိန့်လက်မှတ်များထုတ်ပေးခြင်း၊ နိုင်ငံခြားငွေ လုပ်ငန်းဆောင်ရွက်ပေးခြင်းစသော ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။