နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း အင်္ဂလန်နိုင်ငံ Better Regulation Delivery Office (BRDO) မှ Chief Executive ဖြစ်သူ Mr.Graham Russell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် အင်္ဂလန်နိုင်ငံ Better Regulation Delivery Office (BRDO) မှ Chief Executive ဖြစ်သူ Mr.Graham Russell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
“အာရှနှင့်ဥရောပနိုင်ငံများ လက်ဖက် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ကုန်သွယ်မှု”
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့ စကားဝိုင်း(Thursday Talk)အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ရုံးအဖွဲ့မှူးဦးဦးဟန် တက်ရောက် ခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇေယျာဆွေမှ “အာရှနှင့်ဥရောပ နိုင်ငံများ လက်ဖက် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ကုန်သွယ်မှု ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး ရုံးအဖွဲ့မှူး ဦးဦးဟန်မှ အမှတ်တရလက်ဆောင် ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ Satake Corporation Head Office မှ Mr.Kazuyuki Kihara (Senior Managing Director) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ Satake Corporation Head Office မှ Mr.Kazuyuki Kihara (Senior Managing Director) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ၁၃း၀၀ အချိန်တွင်စီးပွားရေးနှင့် ကူးသန်းရောင်း ဝန်ရေးဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် နော်ဝေကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနဝန်ကြီး Ms.Monica Maeland ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံစဉ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည်နော်ဝေကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Ms.Monica Maeland ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ၁၆း၃၀ အချိန်တွင်နေပြည်တော်ရှိ Park Royal ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
၂၆.၁၁.၂၀၁၄ ရက်နေ့တွင် မူဆယ်မြို့ရှိ မူဆယ်နမ့်ခမ်းနယ်စပ်ကုန်သည်လုပ်ငန်းရှင်များအသင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံ