ဧရာဝတီတိုင်းရှိ ကဏန်းပျော့ဈေးကွက် ဝယ်လိုအားကောင်းနေ

Fri, 06/10/2022 - 07:55 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်အတွင်းရှိ   ကဏန်းပျော့ဈေးကွက်၌  ပြည်ပဝယ်လက်များကြောင့် အရောင်းအဝယ် တိုးတက်လျက်ရှိကြောင်း  ဒေသခံမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရသည်။အဆိုပါ ကဏန်းပျော့များကို  တရုတ်၊  ထိုင်ဝမ်၊  ဂျပန်၊ စင်ကာပူ၊ မလေးရှား အပါ အဝင် ဥရောပနိုင်ငံများသို့ပါ တင်ပို့နေခြင်းဖြစ်ပြီး တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ ဒေါ်လာကြား ရရှိကြောင်းသိရသည်။လက်ရှိတွင် ဈေးကွက်လိုအပ်ချက်ကြောင့်ကဏန်းပျော့များကို ပိုမိုတိုးချဲ့မွေးမြူလာကြပြီး ယခင်ကမွေးမြူလုပ်ကိုင်သူ၃၇ဦးခန့်ရှိရာမှ မေလအတွင်း ၅၅ ဦးခန့် ထပ်တိုး မွေးမြူလာ ကြကြောင်း သိရသည်။ထိုကဏန်းပျော့မွေးမြူရေးလုပ်ငန်းတွင်မွေးမြူသည့်ကန်တစ်ကန်၌ လုပ်သားအနည်းဆုံး ၂၀ မှ ၃၀အထိထားရှိပြီး လုပ်ငန်းရှင်များအနေနှင့်တစ်ကန်မှငါးကန်အထိ မွေးမြူကြ ခြင်းဖြစ်သည်။ကဏန်းပျော့များမှာပြည်တွင်း၌ စားသုံးမှုအလွန်နည်းပါးသေးသည့် အတွက် နှစ်စဉ်ပြည်ပသို့ အဓိကထားတင်ပို့နေပြီး ပြည်ပနိုင်ငံများကို  နှစ်စဉ်တစ်နှစ်လျှင် တန်ချိန် ၆၀ဝ ကျော် တင်ပို့လျက်ရှိကြောင်းသိရသည်။ထို့ပြင် လက်ရှိတွင်ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၌လည်း ကဏန်းပျော့ကို ငါး၊ပုစွန်ကဲ့သို့ သားဖောက် သုတေ သနလုပ်ငန်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။မွေးကန်များတွင် ၄၅ ရက်ခန့် မွေးမြူကာအရေခွံလဲချိန်၌ ကဏန်းပျော့ကိုရယူပြီး သံတွဲအအေးခန်းစက်ရုံနှင့်ရန်ကုန် မြို့ရှိ လှိုင်သာယာစက်မှုဇုန် အအေးခန်းစက်ရုံတို့တွင်ထုပ်ပိုး ပြုပြင်ပြီးနောက်ပြည်ပနိုင်ငံများသို့  အအေးခန်း ကွန်တိန်နာသင်္ဘောဖြင့်တင်ပို့နေကြောင်း သိရသည်။

 

Border Trade News

Pages