ဘင်္ဂလားဒေ့ရှ်သို့ တစ်လလျှင် ရေထွက်ကုန် တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ တင်ပို့လျက်ရှိ

Fri, 06/10/2022 - 07:58 -- admin_ygn

ရခိုင်ပြည်နယ်နယ်စပ်ဂိတ်မှဘင်္ဂလားဒေ့ရှ်သို့  တစ်လလျှင်ရေထွက်ကုန်တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ တင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှသိရသည်။ဧပြီလတွင်  ဘင်္ဂလားဒေ့ရှ်၌ ရာမန်ဒါ ဥပုသ်ကာလဖြစ်ခြင်းကြောင့် တင်သွင်း မှုလျော့နည်းခဲ့သော်လည်းမေလတွင်ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိငါးမြစ်ချင်းမွေးမြူသူများထံမှရေလမ်း၊ ကုန်းလမ်းဖြင့်နယ်စပ်ကုန်သွယ်မှုပြန်လည်များပြားလာခဲ့ခြင်း ဖြစ်သည်။ရေထွက်ကုန်တိုက်ရိုက်တင်ပို့နိုင်သောရခိုင်ပြည်နယ်၊စစ်တွေနှင့် မောင်တော မြို့တို့သို့ရန်ကုန်မြို့မှငါးမြစ်ချင်းပိဿာချိန်၁၀ဝ၀ခန့် နေ့စဉ်တင်ပို့လျက်ရှိပြီးကျန်တိုင်းဒေသကြီးနှစ်ခုမှလည်း   ရေလမ်းနှင့်ကုန်လမ်းတို့ ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။အဆိုပါ ရခိုင်ပြည်နယ်တွင် စစ်တွေ မြို့ ရွှေမင်းဂံဂိတ်နှင့်မောင်တောမြို့  ကညင်ချောင်းဂိတ်တို့၌ ပြည်ပ ပို့ကုန်ရေထွက်ကုန်နှင့် ကုန်ခြောက်များကိုပူးပေါင်းအဖွဲ့ကစစ်ဆေးပြီးနိုင်ငံတော်သို့ ၂ ရာခိုင်နှုန်း အခွန်ဆောင်၍ တင်ပို့နေခြင်းဖြစ်သည်။RSCCI  အနေဖြင့်  ရေထွက်ကုန်စင်း လုံးပြတ်တင်ပို့သော စက်လှေများကို၂ရာခိုင် နှုန်း၊ လှေအတွက် ၅ ဒေါ်လာနှင့် မှတ်ပုံတင် ကြေး ဒေါ်လာ ၅၀ ကို မြန်မာကျပ်ငွေဖြင့်အခွန်သွင်း၍ ရေထွက်ကုန်များတင်ပို့ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းကိုအဓိကတင်ပို့လျက်ရှိပြီး ကုန်ခြောက်အဖြစ်ကြက်သွန်၊ မန်ကျည်းသီး၊ ချင်း(ဂျင်း)၊ ဆီးသီးခြောက်နှင့်အခြားကုန်ခြောက်အချို့ကို တင်ပို့လျက်ရှိကာသွင်းကုန်အဖြစ်ပလေ ကပ် ပုဆိုး၊ ပလတ်စတစ်ဂါလီပုံး၊ညှပ်ဖိနပ်၊လူသုံးကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းအချို့တင်သွင်းလျက်ရှိပြီး သွင်းကုန်ထက်ပို့ကုန်များသောကြောင့်နိုင်ငံခြားဝင်ငွေပိုမိုရရှိနေသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတွင် မြန်မာနိုင်ငံမှ  ဘင်္ဂလာဒေ့ရှ် နိုင်ငံသို့ ကုန်တန်ချိန် စုစုပေါင်း ၁၁၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ရာ  အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

Border Trade News

Pages