ပျားရှာသူများ ဝင်ငွေရနေ

Fri, 06/24/2022 - 07:14 -- admin_ygn

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည်သစ်တောထွက် သယံဇာတတစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာမြို့တစ်မြို့ဖြစ်သည်။ သဘာဝပျားရည်သည် စားသုံးရာတွင်အရသာရှိပြီး  ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင်ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင် အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိ ချောင်း ဆိုးရောဂါများကို သက်သာစေခြင်းနှင့်အစာကြေလွယ်၍  အိပ်ပျော် စေခြင်း စသည့်   ကျန်းမာရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝ ပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအုပ်စု (နမ့်ခတ်၊ နမ့်အင်း၊ မိုင်း အင်း၊ နောင်ကော၊ နားပေါ်)တွင်  အဓိကထွက်ရှိပြီး တောင်သူများသည် လယ်ယာလုပ်ငန်းခွင်နားချိန်၌  ပျားရှာ၊ ပျားဖွတ်ခြင်းများ လုပ်ကိုင်ကြပါ သည်။တောင်ပေါ်ငါးအုပ်စုဒေသ၌ မိုးရာသီနှင့်ဆောင်းရာသီတွင် လယ်ယာ လုပ်ငန်းခွင် အလုပ်များပြားသော်လည်း ဧပြီလမှစ၍ ဇွန်လအတွင်း  ပျားရှာ၊ ပျားဖွတ်ကြသောလုပ်ငန်းဖြင့် ဝင်ငွေရရှိနေသည်။ လက်ရှိရောင်းချရာ၌ ပျား သလက်၊ ပျားရည်ဟူ၍ နှစ်မျိုးရှိပြီး ပျားသလက်တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ အတွင်း ရောင်းရပြီး လတ်လတ်ဆတ်ဆတ် စားသုံးလိုသူများ အတွက် အဆင်ပြေ၍ အကြိုက်တွေ့ကြကြောင်း   ကျိုင်းတုံမြို့နယ် ဒေသခံ တစ်ဦးက ပြောကြားသည်။ကျိုင်းတုံမြို့မဈေးကွက်၌  သဘာဝပျားရည် တစ်ပုလင်းလျှင် ကျပ် ၁၀ဝ၀ဝမှ ကျပ် ၁၂၀ဝ၀ ပေါက်ဈေးရရှိသည်။ ဆေးဖက်ဝင်အဖြစ်ဝယ်ယူစားသုံးသူများပြားပြီး လူကြီးမိတ်ဆွေ၊ သူငယ်ချင်းများသို့လက်ဆောင်အဖြစ် ရောင်းချနေရာ၌ ပျားရည်ဝယ်ယူသူများ များပြားလျက်ရှိကြောင်း ရောင်းချ သူထံမှသိရသည်။                 
         စိုင်းပြည့်စုံ(ကျိုင်းတုံ-ရှမ်း/ရှေ့)

Border Trade News

Pages