ကွမ်းသီးနုများကို တရုတ် ပိုမိုတင်သွင်းနေ

Fri, 06/10/2022 - 08:02 -- admin_ygn

တရုတ်နိုင်ငံ၏သွင်းကုန်ပစ္စည်းများတွင် ကွမ်းသီးနုနှင့် ကွမ်းသီးခြောက် တင်သွင်းခြင်းလုပ်ငန်းသည် အကြီးဆုံး ပြင်ပသွင်းကုန်လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။တရုတ်လူမျိုးများသည် ကွမ်းသီးများကို အရသာပိုကောင်းအောင်ပေါင်းစပ် ဖော်ထုတ်ပြီး အဆာပြေသရေစာအဖြစ် စားသုံးကြ သည်။ တရုတ်နိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် တစ်နှစ်လျှင်ယွမ်ဘီလီယံ ၃၀ အထိရရှိနေသည်ဟုသိရသည်။ တရုတ်ကွမ်းသီး အဆာပြေစာသည် တရုတ်နိုင်ငံတွင်သာမကဘဲ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက် နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံ များ တွင်ပါ ရေပန်းစားနေပြီး ဈေးကွက်ထိုးဖောက် ဝင်ရောက်နေပြီဖြစ်သည်။ယခုတရုတ်နိုင်ငံမှ ဝယ်ယူနေသည့်အရည်အသွေးမီ  ကွမ်းသီးနု၏ အလေးချိန်သည် ၂၀ ဂရမ်မှ  ၃၀ ဂရမ် အထိ  ရှိရမည်ဖြစ်သည်။ တရုတ်နိုင်ငံ သည် ကွမ်းသီးနုများကို မြောက်မြားစွာ ဝယ်ယူနေခြင်းဖြစ်ပြီး ကုန်ချောအဖြစ် ပြန် လည်ထုတ်လုပ်ရောင်းချနေကြ ခြင်းဖြစ်သည်။ ကုန်ချောထုတ်လုပ်ရာတွင်ကွမ်းသီး၏ အထဲမှ  အဆံကို အသုံးပြုခြင်းမျိုးမဟုတ်ဘဲ  အပေါ်မှ အစိမ်းရောင်အခွံကို  အသုံးပြုကြခြင်း ဖြစ်သည်။ကွမ်းသီးများကို        အရသာပို ကောင်းအောင် ပေါင်းစပ်ဖော်ထုတ်ပြီး အဆာပြေသရေစာအဖြစ် ပြုလုပ်ထား မှု ကို တရုတ်လူမျိုးများသည်လူကြီး၊လူငယ်မရွေးစားသုံးကြသောရိုးရာ အဆာပြေစာတစ်ခုလည်းဖြစ်သည်။ အပြင်ပိုင်းအခွံစိမ်းလျှင်  ယေဘုယျအားဖြင့်ကွမ်းသီးနုဟု သတ်မှတ်သည်။ ကွမ်းသီးအနုများကို အခိုင်လိုက်ဖြင့်သော်  လည်းကောင်း၊ အလုံးလိုက်ဖြင့်သော်လည်းကောင်း ကီလိုချိန် ဖြင့်လည်း  ဝယ်ယူနေသည်။ ကွမ်းသီးနု၏အပေါ်မှအခွံကို သရေစာပြုလုပ်ရာတွင်လည်းကောင်း၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။ဆေးဖော်စပ်ရာတွင်အစာခြေဆေး၊သန်ချဆေး၊ခံတွင်းရနံ့သန့်စင်ဆေးရည်များနှင့်  စိတ်နှင့်ပတ်သက်သည့်စိတ်ကျရောဂါဆိုင်ရာရောဂါများတွင်အသုံးပြုကြသည်။ ထို့ပြင် ကွမ်းသီးနုများ၏ အပေါ်ခွံမှာ ဆေးရွက်ကြီးနှင့် ကဖင်းတို့ကဲ့သို့ လူ၏စိတ်ကို တကြွ်ကလန်းဆန်းစေသည်ဟု သိရသည်။                      
 Ref; Xinhua

Border Trade News

Pages