ကသာခရိုင်အတွင်းရှိ စိန်တလုံးသရက်

Thu, 06/23/2022 - 06:05 -- admin_ygn

ကသာခရိုင်အတွင်းတွင်စိန်တလုံးသရက်သီး စိုက်ဧကအနေဖြင့် ၁၀၄၇ ဧကကျော် စိုက်ပျိုးပီးကသာမြို့နှင့်ထီးချိုင့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြသည်။တစ်ဧကလျှင် ပေ ၂၀ ပတ်လည် စိုက်ပျိုးပါက အပင် ၁၀ဝ ဝန်းကျင်  စိုက်ပျိုး နိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်သုံးနှစ်သားမှ လေးနှစ်သားတစ်ပင်လျှင် သရက်သီးအလုံး ရေ ၂၀ဝ ဝန်းကျင်ခန့် ထွက်ရှိပြီး ငါးနှစ်၊ ခြောက်နှစ်သား တွင် သရက်သီး အလုံးရေ ၃၀ဝ မှ ၄၀ဝ ခန့် ရှိကြောင်း သိရှိရသည်။ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကသာခရိုင်အတွင်း တွင်ရှိသော စိန်တလုံးသရက်သီးအား ကသာခရိုင်တွင်းရှိ ခြံပိုင်ရှင်များမှ စုစည်း၍ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် မူဆယ် ပွဲရုံသို့ အလုံး ၄၀ ခန့်ပါသရက်သီးအလုံးအကြီး တစ်ခြင်းလျှင် ယွမ် ၁၂၀ မှ ၁၅၀ ခန့်ကြားရရှိပြီး အလုံး ၄၅လုံး ပါအလုံးသေးတစ်ခြင်းလျှင် ယွမ် ၁၂၀ မှ ၁၃၀ ကြား  ရရှိ ကြောင်း သိရှိရသည်။ယခင်နှစ်တွင် ကိုဗစ်(၁၉)  ရောဂါအခြေ အနေကြောင့် တရုတ်နိုင်ငံသို့ကားအဝင်များပိတ်ထားသဖြင့် ကသာခရိုင်တွင်း  သရက်သီးစိုက်ပျိုးသူများအနေဖြင့် အရှုံးပေါ်ခဲ့ကြောင်းသိရှိရပြီး ယခုနှစ်တွင် ကားလမ်းကြောင်းများ ပုံမှန်ပြန်လည်ဖွင့်လာသဖြင့်ကသာခရိုင်အတွင်းသရက်စိုက်ပျိုး သူ များအနေဖြင့် ဈေးကောင်းရရှိလျက်ရှိကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရသည်။
ငြိမ်းချမ်းသူ (ကသာ)

Border Trade News

Pages