မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 09:54 -- bordertrade

            မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ(၂) ရက်နေ့ထိ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၁၁၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၃၁၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၈၄၂၇) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ မှ မတ်လ(၂) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၂၁၂.၀၀) တန်၊ (၀.၀၈၈၄) ဒေါ်လာသန်း၊ ငရုတ်သီး (၃၄၆.၅၂၂) တန်၊ တန်ဖိုး (၀.၂၅၈၈) ဒေါ်လာသန်း၊ ငှက်ပျောသီး (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၉၁) သန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြား ရေထွက် ပစ္စည်းများ (၂၄၅.၅၅၀) တန်၊ တန်ဖိုး (၀.၃၄၅၉) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၃၁.၈) တန်၊ တန်ဖိုး (၀.၀၀၆၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၄.၅) တန်၊ တန်ဖိုး (၀.၀၀၁၄) ဒေါ်လာသန်း၊ ကြွေပြား (၆.၉၆၁) တန် ၊ တန်ဖိုး (၀.၀၁၉၀) ဒေါ်လာသန်း၊ ငါးသေတ္တာဘူးခွံ (၅) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ ကျောက်ပြား ((၃၉.၅) တန်၊ တန်ဖိုး (၀.၀၀၇၇) ဒေါ်လာသန်း၊ ဖိနပ် (၈.၄) တန်၊ တန်ဖိုး (၀.၀၀၁၀) ဒေါ်လာသန်း၊  A4 Paper (၈) တန်၊ တန်ဖိုး (၀.၀၁၀၁) ဒေါ်လာသန်း၊ ကော်ဇော (၂) တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း၊ အမွှေးဆီ (၇၅.၈၁၆) တန်၊ တန်ဖိုး (၀.၀၈၉၈) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၆၄.၈၂၅) ဒေါ်လာနှုန်း၊ ပုစွန် (၇၂၂၀.၄၄၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၅၅၀.၅၂၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၂၂၃၀.၉၆၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၁၆.၉၁၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၄၆.၈၅၀) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၃.၃၃၃) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာနှုန်း၊ တံမြက်စည်း (၂၀၁.၂၅၈) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၁၁.၁၁၁) ဒေါ်လာနှုန်း၊ ကြွေပြား (၂၇၂၉.၄၉၃) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၂၀) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၄.၉၃၇) ဒေါ်လာနှုန်း၊ ဖိနပ် (၁၁၉.၀၄၈) ဒေါ်လာနှုန်း၊  A4 စက္ကူ (၁၂၆၂.၅) ဒေါ်လာနှုန်း၊ ကော်ဇော (၅၅၀) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၈၄.၄၄၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages