မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 02/14/2024 - 04:07 -- DotBorderdep

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့ အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၈၉၃.၇) ဒေါ်လာနှုန်းဖြင့် (၄၉၅) တန် ၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၂၅.၂) ဒေါ်လာနှုန်းဖြင့်(၂၀၅၀) တန် ၊ တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၅၂)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၀၆၄)တန်၊ တန်ဖိုး (၀.၅၅၂) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၂၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၉.၅)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages