နောက်ဆုံးရ သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ အရန်ဆန်ဝယ်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဝင်းမြင့်လှိုင်၊ ပုသိမ်မြို့နယ် အရန်ဆန် ဝယ်ယူရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိုးဝင်းနဲ့ ကော်မတီ အဖွဲ့ဝင်များသည် ၂၀၁၂ ခုဖေဖော်ဝါရီလ ၇ ရက်က ပုသိမ်မြို့ အမှတ် ၁၀ နယ်မြေ စက်ကလေးရပ် ဧရာပုသိမ် ဆန်စပါး ရောင်းဝယ်ရေး၊ ကုမ္ပဏီလီမိတက် ၁ ပိုင်ဆန်စက်မှာနိုင်ငံတော် အရန်ဆန်အတွက် စပါးများဝယ်ယူရန် ကုန်ဝယ်ဒိုင်အမှတ် ၁ ဖွင့်လှစ်ပြီး၊ အရန်ဆန် ကြိတ်ခွဲရန် စပါးအရည်အချင်းပြည့်မီတဲ့ ဧည့်မထ အုပ်စုဝင်စပါးများကို ၄၆ ပေါင်၊ တစ်တင်းကို ၃၃၀၀ ကျပ်နှုန်းနဲ့ စတင်ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။
အရန်ဆန်ဝယ်ယူရေးလုပ်ငန်းကော်မတီမှ ဧည့်မထ ၂၅ ရာခိုင်နှုန်းမှတ်အဆင့်မီ ဆန်ကြိတ်ခွဲနိုင်ရန် ဝယ်ယူမယ့် စပါးများအား အမျိုးအစား၊ အရည်အသွေး သတ်မှတ်ချက် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးခြင်း၊လိုအပ်ပါက စပါးအရည်အချင်း ကို ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဝယ်ယူရန်နဲ့ စိုက်ပျိုးထုတ် လုပ်တဲ့တောင်သူများထံမှ သာတိုက်ရိုက်ဝယ်ယူမှာဖြစ်ကြောင်း သိရပါတယ်။
စပါးများ ဝယ်ယူရာမှာ ရေတင်စာရင်း၊ စပါးစစ်ဆေး ချက် မှတ်တမ်း၊ ကုန်ချိန်မှတ်တမ်း၊ ကုန်ဝယ်ပြေစာ၊ ကုန်ရ/ ကုန်ထုတ်လက်ကျန် စာရင်းများ၊ နေ့စဉ်ကုန်ဝယ် စာရင်း ချုပ်၊ စပါးအမျိုးအစားအလိုက် လယ်ဂျာ၊ ငွေစာရင်းသွင်း ထားရှိမှု များကိုလည်း အဆင့်ဆင့် စနစ်တကျပြုစုဆောင်ရွက်ပြီး၊ နေ့စဉ် စပါးအဝယ်စာရင်းများ ကိုလည်း တိုင်းဒေသကြီး၊ ဆန် စပါးအသင်းရုံးကို အချိန်မီပေးပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အရန်ဆန်ဝယ် ယူရေးလုပ်ငန်းကော်မတီက ပြော ကြားပါတယ်။
ပုသိမ်မြို့နယ် ဦးတိုကျေးရွာအုပ်စု၊ ဦးတိုကျေးရွာနေ တောင်သူ ဦးကျင်ငွေပိုင် ဦးပိုင်အမှတ် ၃၇/၅ ကွင်း အမှတ် ၁၀၅ မှ စိုက်ပျိုးထွက်ရှိတဲ့ ဧည့်မထ အုပ်စုဝင် ဆင်းသုခစပါး တင်းရေ ၁၀၀ ကို အရန်ဆန်ဝယ်ယူရေး လုပ်ငန်းကော်မတီမှ စတင်ဝယ်ယူထားရှိကြောင်း သိရပါတယ်။   
မင်းမင်းဦး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ကုန်းကြီး ကျေးရွာ အုပ်စု နတ်မော်လမ်း ဆန်စက်အမှတ် ၁၆၅ ယုန်မင်း ဆန်စက်ကွင်းမှာလည်းကောင်း၊ ဇလွန်မြို့နယ် ဗိုလ်ချုပ်လမ်း ညောင်ပင်ဈေးရပ်ကွက် ဦးစိုးလွင်ရဲ့ ခြံဝင်းအတွင်းမှာ လည်းကောင်း၊ နိုင်ငံတော် အရန်ဆန်အား အဝယ်ဒိုင်ဖွင့်လှစ်ပြီး စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထံမှ စပါးများကိုတင်း၁၀၀ကို ၃ သိန်း ၃ သောင်းကျပ်ဈေးနဲ့ ဝယ် ယူလျက်ရှိပြီး၊ ဖေဖော်ဝါရီ ၇ ရက် ဟင်္သာတမြို့နယ်မှာ ၁၀၆၄ တင်းနဲ့ ဇလွန်မြို့နယ် မှာ ၂၀၀၀ တင်း ဝယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။
ကျော်ဝင်း

ကုမ္ပဏီများသည် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းနှင့် ထုတ်ယူခြင်းတို့ကို ဆောင်ရွက်ရာတွင် ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာ ကိုယ်တိုင်ထုတ်ယူခြင်း မဟုတ်ပါက ဝန်ကြီးဌာန၏ ကုန်သွယ်မှုမူဝါဒ ဥပဒေလုပ်ထုံး လုပ်နည်းများဆိုင်ရာ စိစစ်ဆောင်ရွက်ရေးဌာနခွဲမှ ထုတ် ပေးထားသော လုပ်ငန်းရှင်ကိုယ်စားလှယ် မှတ်ပုံတင်ကတ် ကို ကိုင်ဆောင်သူ ကိုယ်တိုင်ဆောင်ရွက်ရန်  အသိပေးနှိုး ဆော်ထားပါသည်။
သို့ပါ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ အသိပေးနှိုးဆော်ချက် အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းရှင် ကိုယ်စား လှယ် မှတ်ပုံတင်ကတ်ပြုလုပ်ရခြင်း မရှိသေးပါက ကုန်သွယ်မှု မူဝါဒဥပဒေ လုပ်ထုံးလုပ်နည်းများဆိုင်ရာစိစစ်ဆောင်ရွက်ရေး ဌာနခွဲတွင် အချိန်မီ ပြုလုပ်ဆောင်ရွက်သွားကြရန် အသိပေး ကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် ဖေဖော်ဝါရီလ ၃ ရက်နေ့

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီသို့ ပို့ဆောင်ရေးဝန်ကြီးဌာနမှ သင်္ဘောသားများအတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရန် အမည်စာရင်း ပေးပို့လာမှုသည် ၇-၁၂-၂၀၁၁ ရက်နေ့ မှ ၃-၂-၂၀၁၂ ရက်နေ့ အတွင်း စုစုပေါင်း (၁၈၈၇) ဦးရှိသွားပြီဖြစ်ကြောင်း နှင့် ၂-၂-၂၀၁၂ ရက်နေ့အထိ ပါမစ်အမှန်တကယ်လာရောက်လျှောက်ထားသူ (၃၀၉) ဦးကို ပါမစ်ထုတ်ပေးပြီးကြောင်း သတင်းရရှိ ပါသည်။

ထို့ပြင် ပြည်ပနိုင်ငံရှိမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများက မော်တော်ယာဉ်လာရောက်လျှောက်ထားမှုကို ၂-၂-၂၀၁၂ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျှက် ရှိရာ ၃-၂-၂၀၁၂ ရက်နေ့ နေ့ခင်း ၁၅း၀၀ နာရီအချိန်တွင်း စုစုပေါင်းပါမစ် (၁၂) စောင်ကိုထုတ်ပေးပြီး သွားပြီဖြစ် ကြောင်းသိရှိရပါသည်။

အေးမွန်မွန်လှိုင်

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ ဗဟို သမဝါယမအသင်းနဲ့ နိုင်ငံတော်တို့ ပူးပေါင်းပြီး နိုင်ငံတော်အရန်ဆန်ဝယ်ယူရေး ဆောင်ရွက်လျက် ရှိရာမှာ ပထမအဆင့်အနေနဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၃၃၀၀၀၀ နဲ့ဝယ်ယူဖို့အတွက် နိုင်ငံတော် အစိုးရမှ ဇန်နဝါရီ ၂၇ ရက်က ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုချထား ပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းအနေနဲ့ လည်း အရန်ဆန်ဝယ်ယူရေးမှာ အချိုးကျထည့်ဝင် ရေးအတွက် ဆန်တင်ပို့သူများ၊ လုပ်ငန်းရှင်များ  စုစည်းကာ အများပိုင်ကုမ္ပဏီတစ်ခု  ဖွဲ့စည်းဖို့ အတွက် ပြင်ဆင်လျက်ရှိပါတယ်။ ဇန်နဝါရီ ၂၈ ရက်အထိ အများပိုင်ကုမ္ပဏီ Founder  ၅၃ ဦးမှ အဆိုပြု မတည်ရင်းနှီးငွေ ကျပ် ၇ ဒသမ ၆ ဘီလီယံရရှိထားပြီးဖြစ်တယ်လို့ အသင်းတွဲဖက်အတွင်းရေးမှူးမှ ပြောကြားပါတယ်။ အဲဒီအဆိုပြု မတည်ရင်းနှီးငွေရဲ့ ၄၀ ရာခိုင် နှုန်းဖြစ်တဲ့  ၃ ဒသမ ၀၄ ဘီလီယံကိုတော့ စုစည်းရရှိထားပြီးဖြစ်ကြောင်းနဲ့ အရန်ဆန်ဝယ်ယူရရှိမှု အခြေအနေပေါ်မူတည်လို့  ကျန်ရင်းနှီးငွေ ၆၀ ရာခိုင်နှုန်းထဲက လိုအပ်တဲ့ပမာဏကိုလည်း  စုစည်း သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတော်မှလည်း ခွင့်ပြု ငွေရရှိပြီဖြစ်လို့ အရန်ဆန်ဝယ်ယူမှု  လက်တွေ့ အကောင်အထည်ဖော်တာကို  ဇန်နဝါရီလကုန် ပတ်မှာ စတင်တော့မယ်လို့လည်းသိရပါတယ်။
လမင်း

Pages

Subscribe to နောက်ဆုံးရ သတင်း