ထိုင်းနိုင်ငံမှ ပြည်ပသို့ ဝက်အရှင် တင်ပို့မှု ယာယီရပ်ဆိုင်း

Thu, 02/03/2022 - 06:08 -- admin_ygn

ထိုင်းနိုင်ငံပြည်တွင်းစားသုံးသူများအတွက် အရေအတွက်လျော့နည်းမှုရှိနေသဖြင့် ထိုင်းနိုင်ငံမှပြည်ပသို့ ဝက်အရှင် တင်ပို့မှုကို ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၅ ရက်အထိ သုံးလရပ်ဆိုင်းလိုက်ကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ ဇန်နဝါရီ ၁၀ရက်တွင် အသိပေး အကြောင်း ကြားစာပေးပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့သည်။ဇန်နဝါရီ  ၅ ရက်တွင်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှု ဈေးနှုန်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာထိုင်းနိုင်ငံ စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin Laksanawisit ကထိုင်းနိုင်ငံ ပြည်တွင်းဈေးကွက်၌ ဝက်သားဈေး များ တစ်ဟုန်ထိုးမြင့်တက်နေသည်ကို တိုက်ဖျက်ရန် ယခုကဲ့သို့ထိုင်းနိုင်ငံက ပြည်ပသို့ ဝက်အရှင်တင်ပို့မှုကို သုံးလတာယာယီရပ်ဆိုင်း ထား ရန်အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post  သတင်းစာနှင့် အခြားသတင်းစာများမှာလည်း ရေးသား ဖော်ပြထား သည်။ဆက်လက်၍ ဝန်ကြီးMr. Jurin Laksanawisit ကလွန်ခဲ့သည့်နှစ်မှာထိုင်းနိုင်ငံကနေဝက်နှင့်ဝက်ပေါက်က လေး တစ်သန်းကျော် ပြည်ပသို့ တင်ပို့ခဲ့ပြီး ပြည်တွင်းစားသုံးမှုမှာ ဝက်ကောင်ရေ ၁၈ သန်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ထိုင်းနိုင်ငံ ပြည်တွင်း၌ ဝက်ကောင်ရေ ၁၃ သန်းအထိသာမွေးမြူထားနိုင်ကြောင်း သိရှိရသည့်အတွက်ယင်းသည် ယခင်နှစ် ကိန်းဂဏန်းနှင့် နှိုင်းယှဉ်ပါကပြည်တွင်း စားသုံးမှုအတွက်ငါးသန်းခန့် ကျဆင်းသွား၍ ဝက်နှင့် ဝက်ပေါက်ကလေးများကို ဧပြီ ၅ ရက်အထိ ထိုင်းနိုင်ငံမှ တင်ပို့ခွင့် ယာယီပိတ်ပင် ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ရေးသားဖော်ပြထား ကြသည်။အိမ်နီးချင်းနိုင်ငံများတွင် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ဖြစ်ပွားမှုကြောင့် ဝက်သား ဈေးတက်လာပြီး  ထိုင်းနိုင်ငံအနေဖြင့် အဆိုပါရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးခဲ့ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ထိုင်း နိုင်ငံ၊ စိုက်ပျိုးရေးနှင့်  စိုက်ပျိုးရေးသမဝါယမဘဏ်မှ သတ်မှတ်ထား သော ဒေသများရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူ  လုပ်ငန်းရှင်ငယ်များအား ပံ့ပိုးကူညီမှုဖြင့် မွေးမြူရေးဦးစီးဌာနအနေဖြင့် ဝက်မွေးမြူခြင်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်းMr. Prapat Pothasuthonက ပြောကြား ခဲ့သည်။
Source :     https:docs.wto.org
         https:www.bangkokpost.com
         https:www.thaipbsworld.com
   သီတာကျော် (ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ)

 

Border Trade News

Pages