(၁၄)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှ ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

Wed, 12/18/2019 - 04:37 -- admin_ygn

     (၁၄) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု  ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို  ဒီဇင်ဘာ ၁၀  ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျင့်ချိန် သိဟိုင်ဟိုတယ်၌ တရုတ်စံတော်ချိန် နေ့လယ် ၁၄ါ်၃၀ နာရီအချိန်မှ ၁၉ါ်ဝ၀ နာရီအထိ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်ပါဝင်သော ကိုယ်စားလှယ် ၄၉ ဦးနှင့်  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကုန်သွယ်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhou Hue Wen (ညွှန်ကြားရေးမှူးချုပ်တာဝန်)ဦးဆောင်ပါဝင်သောကိုယ်စားလှယ် ၅၇ ဦးတို့ တက်ရောက်ခဲ့ကြသည်။

    (၁၄)ကြိမ်မြောက်  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု   ပူးပေါင်းညှိနှိုင်းရေးကော်မတီ(JBTCCC) အစည်းအဝေး၌ လယ်ယာထွက်ကုန်တင်ပို့မှုကဏ္ဍ၊ သစ်သီးဝလံတင်ပို့မှုကဏ္ဍ၊ ကျွဲ၊နွား၊သိုး၊ဆိတ် တင်ပို့မှုနှင့်နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးကဏ္ဍ၊ ရေထွက်ပစ္စည်း တင်ပို့မှုကဏ္ဍ၊ကုန်သွယ်မှုကဏ္ဍ၊ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလာရေး ကဏ္ဍ၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကဏ္ဍ၊ လူဝင်/ထွက်နှင့်မော်တော်ယာဉ်ဝင်/ထွက်ရေးကဏ္ဍ၊ကုန်ပစ္စည်းစစ်ဆေးမှု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ အထွေထွေ ကိစ္စရပ်များစသည်ဖြင့် ကဏ္ဍကြီး၁၁ခုနှင့် သက်ဆိုင်သည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအား  နှစ်ဖက်အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

 

နှစ်နိုင်ငံ

Border Trade News

Pages