သဇင်မြေ ကုန်သွယ်မှုဗဟိုဌာန၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/13/2019 - 08:36 -- admin_ygn

     ၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိ ရခိုင်ပြည်နယ်  စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ ၃၆၆ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ၇၁၀ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ကြက်သွန်နီ အရေအတွက်တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရသည်။ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့နိုင်မှု ငွေပမာဏမှာ၂၆၂၄၀ဝ ဒေါ်လာတင်ပို့မှုရှိခဲ့သည်။ နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိရခိုင်ပြည်နယ်၊စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးမြစ်ချင်း ၂၁၀ ဒသမ ၄၅၅ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်မှာ ငါးမြစ်ချင်း ၁၃၈ ဒသမ ၂  တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ငါးမြစ်ချင်း အရေအတွက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ငါးမြစ်ချင်းတင်ပို့နိုင်မှုငွေပမာဏ မှာ ၁၉၄၅၁၄ ဒသမ ၆ ဒေါ်လာတင်ပို့မှုရှိခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ ၂၃ရက်မှ ၂၉ရက်အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် ဆီးသီးခြောက်၊ ဆီးဖတ်၊ ကုလားပဲ၊ မန်ကျည်းစေ့၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီ၊ ချင်း(အစို)၊ ငါးသိုင်းခေါင်းပွ၊ ဆီးယိုထုပ်နှင့် ငါးမြစ်ချင်းတို့  တင်ပို့ရာတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၅၆၂၉၈၅ ဒသမ ၇၇ဒေါ်လာတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်ပစ္စည်းများ အနေဖြင့် တီရှပ်တင်သွင်း ခဲ့ရာတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၂၇၀ဝ ဒေါ်လာ တင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။

 

 နီလာ (သဇင်မြေကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages