လူမှုစီးပွားဖွံ့ဖြိုးဖို့ ကျောက်ဖြူဇုန်ကို အကောင်အထည်ဖော်စို့

Thu, 01/30/2020 - 09:04 -- admin_ygn

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ပထဝီဝင်မြေအနေအထားအရ စီးပွားရေးဆိုင် ရာ မဟာဗျူဟာ (Strategic Location) ကျသော နေရာတွင် တည်ရှိပြီး နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက် ဘက်နယ်နိမိတ်တို့တွင် အာရှ၏မဟာအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့်  အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်ဆက်သွယ်လျက်ရှိသည်။ တရုတ်နိုင်ငံ အနောက်ဘက်ရှိ ယူနန် ပြည်နယ်သည် ကုန်းတွင်းပိတ်ဒေသဖြစ်ပြီး ယင်းဒေသ၏ ထွက်ကုန်များကို ဥရောပ၊  အာဖရိက၊  အရှေ့အလယ်  ပိုင်းဒေသများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်  တစ်လွှားတွင် တည်ရှိသော ကမ်းရိုးတန်းဒေသများသည် ယင်း တို့အတွက် အကောင်းဆုံး ပင်လယ်ရေကြောင်း ထွက်ပေါက်များအဖြစ် ကောင်းစွာဖြစ်တည် လျက်ရှိသည်။ ထို့နည်းတူ  အိန္ဒိယနိုင်ငံအနေဖြင့်လည်း ယင်းတို့၏ ထုတ်ကုန်ပစ္စည်းများအား အရှေ့ တောင်အာရှနိုင်ငံများသို့ ကုန်သွယ်မှုပြုနိုင်ရန် အတွက် မြန်မာနိုင်ငံကို ကုန်သွယ်မှုလမ်းမကြီး (Trade Corridor) အဖြစ် အသုံးချနိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိနေသည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ကုန်သွယ်မှုလမ်းကြောင်း၏ ဗဟိုအချက် အချာကျသောနေရာတွင် တည်ရှိ နေသည့် အတွက် အလားအလာ ကောင်းများကို စနစ်တကျ အကျိုးရှိစွာစီမံအသုံးချနိုင်မည်ဆို ပါက မကြာမီကာလအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲပင်ဖြစ်သည်။

 

အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြင်ဆင်ခြင်း

 

နိုင်ငံတော်အစိုးရအနေဖြင့်  အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ နိုင်ငံ တစ်ဝန်းတွင် အထူးစီးပွားရေးဇုန်များအား သင့် တော်သည့် နေရာဒေသများအား  ရွေးချယ်၍ အထူးစီးပွားရေးဇုန်များ တည်ဆောက်အကောင် အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရသည် အထူးစီးပွားရေး ဇုန် တည်ဆောက်နိုင်ရန်အတွက်   နိုင်ငံ၏အနောက်ဘက်မှ တောင်ဘက်အထိ တစ်ဆက် တစပ်တည်း မိုင်ပေါင်း ၁၃၀ဝ ကျော်ရှည်လျားသည့် ကမ်းရိုးတန်းတစ်လျှောက်တွင် ဖြစ်နိုင်ခြေ ရှိသည့် နေရာဒေသသုံးခုအား အထူး စီးပွားရေး ဇုန် တည်ဆောက်ရန်  ရွေးချယ်သတ်မှတ်ခဲ့ရာ နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူဒေသအား အထူးစီးပွားရေးဇုန်တစ်ခုအဖြစ်   အကောင် အထည်ဖော်ရန် သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အထူးစီးပွားရေးဇုန်များ  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အစီအစဉ် ပင်မစီမံချက် (Study on SEZ Development   Program  in   Union of  Myanmar) ကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန က ဦးဆောင်၍  ဂျပန်နိုင်ငံ၏    Engineering Consulting Firm Association (ECFA)  ၏ အကူအညီဖြင့် ရေးဆွဲခဲ့သည်။ အဆိုပါ စီမံချက်တွင် မြန်မာနိုင်ငံအတွင်း  အထူးစီးပွားရေးဇုန်များ  နေရာရှစ်နေရာတွင် ဆောင်ရွက် သင့်ကြောင်း အကြံပြုခဲ့ပြီး  ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန်  အကြံပြုချက်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

 

ရည်ရွယ်ချက်

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အား စနစ်တကျ  အောင်မြင်စွာတည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ပါက ဒေသခံ ပြည်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေ မည်ဖြစ်ပြီး ယင်းတို့၏  လူနေမှုဘဝမြင့်မား၍ ဘဝအတွက်  အာမခံချက်များ  ရရှိစေမည်ဖြစ် သည်။ နိုင်ငံတော်အနေဖြင့် ဒေသတွင်း လူနေမှု ဘဝမြှင့်တင်ရေး၊ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်စေ ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာသောစီးပွားရေးမှ နိုင်ငံတော်၏ အမျိုးသားစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် အထူးစီးပွားရေးဇုန်  တည်ဆောက်  အကောင် အထည်ဖော်ရန် ဆောင်ရွက်ခဲ့သည်။

 

စာချွန်လွှာ၊ မူဘောင်သဘောတူညီချက်နှင့် သဘောတူစာချုပ်များ လဲလှယ်ခြင်း

 

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၇ ခုနှစ် ဧပြီလ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွား ရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့်  CITIC Consortium  တို့အကြား  ကျောက်ဖြူ အထူး စီးပွားရေးဇုန်စီမံကိန်းဆိုင်ရာ Exchange of Letter (EOL)အား နှစ်ဖက်အပြန်အလှန် လဲလှယ်ခဲ့သည်။ ဆက်လက်၍ ကျောက်ဖြူအထူးစီးပွားရေး ဇုန်  ရေနက်ဆိပ်ကမ်းစီမံကိန်း  တည်ဆောက်ရန်  မူဘောင်သဘော တူညီချက် (Framework Agreement)  ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Groupတို့သည် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင်  နေပြည်တော်၌  အပြန်အလှန် လဲလှယ်ခဲ့သည်။ မူဘောင်သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ  သဘောတူ စာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်များအား မူဘောင်သဘော တူညီချက်ပါ အချက်များကိုအခြေခံပြီး ကျောက် ဖြူအထူးစီးပွားရေးဇုန်    စီမံခန့်ခွဲမှုကော်မတီ၊ CITIC Consortium နှင့် သက်ဆိုင်ရာဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ အကြိမ်ကြိမ် ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။  ထို့နောက် နှစ်ဖက်သဘောတူ အပြီးသတ်  ညှိနှိုင်းဆွေးနွေးပြီးစီးသည့် ကျောက် ဖြူအထူး စီးပွားရေးဇုန်   ရေနက်ဆိပ်ကမ်းစီမံ ကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာ များနှင့် သက်ဆိုင်သော သဘောတူစာချုပ်များ အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ   အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူခဲ့သည်။

 

ယင်းနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တွင် နိုင်ငံတော်သမ္မတအိမ်တော်   သံတမန် ဆောင်၌ ကျင်းပပြုလုပ်သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့အကြား နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့်  စာလွှာများ လဲလှယ်သည့် အခမ်းအနားတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူ စာချုပ် တို့ကို  နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတမစ္စတာ ရှီကျင့်ဖျင် တို့ရှေ့မှောက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန  ဒုတိယ ဝန်ကြီး ဦးအောင်ထူးနှင့်  တရုတ်နိုင်ငံ CITIC Consortium Port Investment Limited မစ္စတာချန်ကျန့်မင်တို့ အပြန်အလှန်လဲလှယ် ခဲ့ကြသည်။

 

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

 

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည် ဆောက်ရေး စီမံကိန်းသည် ပြည်တွင်းအလုပ် အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ ရေနက် ဆိပ်ကမ်းကြောင့် ဒေသတွင်းနှင့်   ကမ္ဘာ့နိုင်ငံ အနှံ့သို့ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး ပထဝီနိုင်ငံ ရေးအရလည်း ကောင်း၊ စီးပွားရေးအရ လည်း ကောင်း အချက်အချာကျသည့် ဆိပ်ကမ်းဖြစ် လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသား တို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းမည်ဖြစ်သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်စပ်၍ တရုတ်နိုင်ငံအတွင်းမှ ဖြတ်သန်းသယ်ဆောင် မည့် ကုန်ပစ္စည်းများအတွက် နိုင်ငံတကာအဆင့် မီရထားလမ်း၊ အဝေးပြေးကားလမ်းမကြီးများပါ ဆောင်ရွက်လာနိုင်သည့်အတွက်  ဆက်စပ်စီမံ ကိန်းများအနေဖြင့် မိမိနိုင်ငံအတွင်း ဆောင် ရွက်ရမည်ဖြစ်၍ နိုင်ငံ၏  လမ်းပန်းဆက်သွယ် ရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အကျိုးအမြတ်များပါ   ရရှိနိုင်မည်ဖြစ်သည်။ စီမံကိန်းများကြောင့် နိုင်ငံအတွင်းနှင့် ပြည်နယ် အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး နိုင်မည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း Export Processing Zone - EPZ  များ၊ အိန္ဒိယ နိုင်ငံ ကိုလ်ကတ္တား၊  သီရိလင်္ကာနိုင်ငံ Export Processing Zone - EPZ  များနှင့်ပါ ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်သည်။ ကျောက်ဖြူ  အထူးစီးပွားရေးဇုန် စီမံ ကိန်းဆောင်ရွက်ခြင်းဖြင့်    ရခိုင် ပြည်နယ်၏ လူဦးရေ သိန်းဂဏန်းခန့်အား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်၍ ဆင်းရဲ နွမ်းပါးမှု  လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ တိုင်းရင်းသားများ၏ လူမှု ဘဝ မြှင့်တင်ရေး တို့အတွက်ပါ ဆောင်ရွက်ပေးနိုင် မည့် စီမံကိန်းဖြစ်တစ်ခုလည်းဖြစ်သည်။

 

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် အခြား နိုင်ငံများတွင် မရှိသော  မိမိနိုင်ငံ၏ အဖိုးတန် သဘာဝအရင်းအမြစ်ဖြစ်၍ ၎င်းကို မိမိနိုင်ငံ အကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင် မည် ဖြစ်ပါသည်။ ကျောက်ဖြူရေနက်စီမံကိန်းကို နိုင်ငံတကာ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း 5th Generationဆိပ်ကမ်း ဆောက်လုပ်မှုနည်း ပညာနှင့် ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှုတို့နှင့် ခေတ်မီ တည်ဆောက်နိုင်မည့် ဆိပ်ကမ်းဖြစ်၍ မိမိနိုင်ငံ အတွက် နည်းပညာအခွင့်အလမ်းနှင့် ဒေသတွင်း ယှဉ်ပြိုင်နိုင်မည့် အကျိုးကျေးဇူးများခံစားရရှိနိုင် မည်ဖြစ်ပါသည်။ အနှစ်ချုပ်ရသော်    ကျောက်ဖြူအထူး စီးပွားရေးဇုန်   စီမံကိန်းသည်  နိုင်ငံတော်နှင့် နိုင်ငံသား တို့အတွက်  အကျိုးရှိမည့်  စီမံကိန်း အဖြစ် အထူးအလေးထား အကောင်အထည်ဖော် လျက် ရှိသည်။   ယင်းစီမံကိန်းမှာ ရင်းနှီးတည် ဆောက်သူ တင်ဒါခေါ်ယူခြင်းအား သတ်မှတ် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတကာ တွင် ကျင့်သုံးနေသည့်စနစ်များအတိုင်း စနစ် တကျ စိစစ်ရွေးချယ် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ဆက်လက်၍လည်း ဤစီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စနစ်တကျ  ပြင်ဆင်ဆောင်ရွက်လျက် ရှိရာ စီမံကိန်းရည်မှန်းချက်များနှင်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏  အကျိုးစီးပွားများကို    ဆောင် ကျဉ်းပေးသွားနိုင်မည်ဖြစ်ကြောင်း   ရေးသား လိုက်ရပေသည်။

 

KPSEZ (NPT)

Border Trade News

Pages