ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၃၀ဝနီးပါးဝင်

Thu, 01/16/2020 - 08:03 -- admin_ygn

ဒီဇင်ဘာ ၂၉ ရက် မှ ဇန်နဝါရီ ၄ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၈၁၀ဝ တန်ဖိုးရှိ ဘိလပ်မြေ ၂၇၇ ဒသမ ၄၄ တန်ကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့သည်။  ယခု တစ်ပတ် ထိုင်းနိုင်ငံမှတန်ချိန် ၁၅၀ နှင့် မလေးရှားနိုင်ငံမှ ၁၂၇ ဒသမ ၄၄ တန်ကိုတင်သွင်းခဲ့သည်။ ယခင် သီတင်းပတ်က ဘိလပ်မြေ၅၄ ဒသမ ၅၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင်တန်ချိန်၂၂၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၃ ရက်အတွင်း   နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၇၂၂၀ ကျော်ရှိ ခဲ့ပြီး ယခင်သီတင်းပတ်က  ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၈၀၈၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၃၀၈၆၀ ကျော် အဝင်လျော့ခဲ့သည်။   ထို့ကြောင့်  ယခုတစ်ပတ် ရေကြောင်းလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ အဝင်လျော့ခဲ့သည်။

 

သီတာဝင်း (DOT)

Border Trade News

Pages