ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန်ငါးသောင်းခန့်တင်ပို့

Fri, 02/14/2020 - 06:41 -- admin_ygn

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊  ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ်  တမူးကုန် သွယ်ရေးစခန်းမှ  ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ်  တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   တန်ချိန် ၃၅၀ဝ နီးပါးလျော့နည်းတင်ပို့ခဲ့သည်။

 

ယခုတစ်ပတ်  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ သုည ဒသမ ဝ၀၄ သန်းတန်ဖိုး ရှိ ဆန်ကွဲတန်ချိန် ၁၇ ဒသမ ၅ သာ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၆၀ လျော့နည်းခဲ့ကြောင်း သိရသည်။ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှာ ဇန်နဝါရီ ၂၆ ရက် မှ ဖေဖော်ဝါရီ ၁ ရက် တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၉ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၃၄၀ဝ၀ နီးပါးတင်ပို့ခဲ့သည်။ နိုင်ငံအလိုက်  တင်ပို့မှုများမှာ အာရှ နိုင်ငံများသို့ တန်ချိန် ၁၆၀ဝ၀ နီးပါး၊ အီးယူနိုင်ငံများသို့ တန်ချိန် ၃၀ဝ၀ ကျော် နှင့်အာဖရိကနိုင်ငံများသို့  တန်ချိန် ၁၅၀ဝ၀ တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ် လျှင် တန်ချိန် ၇၀ဝ၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။

 

ယခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ၂ ဒသမ ၉၀ သန်းတန်ဖိုး ရှိ ဆန်ကွဲတန်ချိန် ၁၁၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက်  တင်ပို့မှုများအနေဖြင့် အီးယူနိုင်ငံများသို့ တန်ချိန် ၇၀ဝ၀ ကျော်၊  အာရှနိုင်ငံများသို့ တန် ချိန် ၃၀ဝ ကျော်နှင့်အာဖရိကနိုင်ငံများသို့ ၃၄၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၄၀ဝ၀ ကျော်လျော့နည်း တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၄၇၀ဝ၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၁၅၀ဝကျော်ပိုမိုခဲ့ကြောင်းသိရသည်။

 

အေးအေးသန့်

Border Trade News

Pages