မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်း ဈေးကွက်

Thu, 01/30/2020 - 09:07 -- admin_ygn

မွန်ပြည်နယ်အတွင်း ဇန်နဝါရီ ၇ ရက်က ရော်ဘာရောင်းဝယ်မှုဈေးနှုန်းမှာ အစေး ရည်ဝယ်ယူခြင်း  (%DRC; Dry rubber content) RSS-3 အဆင့် ရော်ဘာ ပါဝင်မှု ၁၀ဝ% အစေးရည်ပ ေါက်ဈေးမှာ တစ်ပိဿာ ၂၆၂၈ ကျပ် ဈေးနှုန်းဖြစ်ပေါ် နေသည့်အတွက် တစ်ပေါင်လျှင် ကျပ် ၇၃၀ နှင့်  ျွှ-၃ မှိုင်းခံပြား တစ်ပေါင်ဈေး နှုန်းမှာ ကျပ် ၇၆၀၊ အရည်အသွေးကောင်း ဖိနပ်လိုင်း ရော်ဘာတစ်ပေါင် ဈေးနှုန်း မှာ ကျပ် ၈၅၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီ၂၁ ရက်တွင်  RSS-3 အဆင့် ရော်ဘာပါဝင်မှု ၁၀ဝ% အစေးရည် ပေါက်ဈေးမှာ တစ်ပေါင်ကျပ် ၇၅၀၊  RSS-3 မှိုင်းခံပြားဈေးနှုန်းမှာ တစ်ပေါင် ကျပ် ၇၈၀ နှင့် အရည်အသွေးကောင်း ဖိနပ်လိုင်း ရော်ဘာဈေးနှုန်းပေါက်ဈေးမှာ ကျပ် ၈၅၀ ဖြစ်သည့်အတွက် ယခင်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အစေးရည်နှင့်  RSS-3 မှိုင်းခံပြားဈေးနှုန်းမှာ ကျပ် ၂၀ ခန့် ဈေးအနည်းငယ်တက်လာပြီး ဖိနပ်လိုင်း ရော်ဘာဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်း ငြိမ်နေကြောင်း သိရှိရသည်။ အချို့ရော်ဘာခြံများတွင် အရွက်ကြွေသည့်အချိန်ဖြစ်သည့်အတွက်  အစေး လှီးခြင်းကို အရွက်ကြွေသည့်ခြံများတွင် ခေတ္တရပ်နားထားကြောင်း၊ ဖိနပ်လိုင်းဝယ် ယူမှုတွင် ဖိနပ်ထုတ်လုပ်သော မန္တလေးဈေးကွက်မှ  လိုအပ်ချက်ပြည့်မီ၍ ဝယ်ယူမှု နည်းပါးလာသည့် အတွက်  ရော်ဘာထုတ်လုပ်သော  မွန်ပြည်နယ်ဈေးကွက်တွင် ဖိနပ်လိုင်းထုတ်လုပ်မှု နည်းပါး လာကြောင်း  ရော်ဘာဈေးကွက်သိရသည်။

 

ဝင်းမြတ်(ရာမညကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages