မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Tue, 10/22/2019 - 08:00 -- admin_ygn

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ဦးဆောင်၍ ကချင် ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာခက်အောင်၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာ၊ အခွန်၊   စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗဟိုကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် အောက်တိုဘာ ၄  ရက်တွင် ကချင်ပြည်နယ်  အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏စတုတ္ထအကြိမ်  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပသည်။ အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ)တည်ထောင် အကောင် အထည်ဖော်ရေးဆိုင် ရာ  ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ-တရုတ်နယ်စပ် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်မူဝါဒလမ်းညွှန်ချက်များ၊ မူဘောင်သဘော တူညီချက် (မူကြမ်း) ( Frame Work Agreement) အား လက် မှတ်ရေးထိုးနိုင်ရေးနှင့် Joint Working Group ဖွဲ့စည်းနိုင်ရေး အတွက် အချက်သုံးချက်ကို အပိုင်းသုံးပိုင်းဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

     ဆက်လက်၍  မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင်  အကောင် အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခက်အောင်က  ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်  Border Trade သည် အရေးကြီးကြောင်း၊ တိုင်းရင်း သားများ လူမှုဘဝမြင့်မားတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိအနေဖြင့်ကန်ပိုက်တီနယ်စပ်စီးပွားပူးပေါင်း ရေးဇုန်အား အမြန်ဆုံးအကောင်အထည်ဖော်  ဆောင်ရွက် လိုကြောင်း ၊    နယ်စပ်ဂိတ်များအား    ပီပီပြင်ပြင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း ၊ International Gate ဖြစ်လာပါ က Passport ၊ Visa ဖြင့် ဝင်ထွက်နိုင်မည်ဖြစ်၍ ခရီးသွားလုပ် ငန်းပါ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ မြန်မြန်ဆန်ဆန်အကောင် အထည်ဖော်စေချင်ကြောင်း၊  ဗဟိုကော်မတီ၏ပထမ၊ဒုတိယ၊ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၊   လမ်းညွှန် ချက်များအား ကချင်ပြည်နယ်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ဗဟိုကော်မတီအတွင်းရေးမှူး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်ထူးက  မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်(မူဆယ်)၏   Con-cept Paper (မူကြမ်း) အပေါ် သက်ဆိုင်ရာဌာနများ၏  အကြံပြုချက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ညှိနှိုင်းဆွေးနွေးပြီး ပြန်လည်ပြင်ဆင်ရေးဆွဲ၍  ကော်မတီအဖွဲ့ဝင်များထံ  ချပြ သွားရန်ရှိကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်နိုင်ရေး အတွက် လက်မှတ်ရေးထိုးမည့် မူဘောင်သဘောတူညီချက် (မူကြမ်း)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့အကြား   G to G လက်မှတ်ရေးထိုးမည့် သဘောတူညီချက်ဖြစ်ကြောင်း၊ မူဘောင်သဘောတူညီချက် အရ ပူးတွဲလုပ်ငန်းယန္တရားသုံးခုဖြစ်သည့်   ပူးတွဲညှိနှိုင်းရေး ကော်မတီ၊ ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ၊ ပူးတွဲ အုပ်ချုပ်ရေးကော်မတီတို့ ဖွဲ့စည်းရန် အစီအစဉ်ချမှတ်ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဖွဲ့စည်းပြီးပါက မိမိတို့ရဲ့ Concept ကို တင်ပြပြီး နှစ်နိုင်ငံသဘောတူညီချက်  အတည်ပြုချက်ရယူဖို့ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကွင်း ဆင်းလေ့လာခြင်းဖြင့် (မူဆယ်-ရွှေလီ ၊ ကျယ်ဂေါင်) Concept (မူကြမ်း)အားရေးဆွဲပြီး ဖြစ်သကဲ့သို့ (ချင်းရွှေဟော်-လင်ချန်း၊ မိန့်တိန်) နဲ့  ( ကန်ပိုက်တီ-ထိန်ချုန်း၊ ဟိုချောင်) တို့အတွက် Concept (မူကြမ်း)များ ပြုစုသွားနိုင်ဖို့ အခြေခံအချက်များရရှိမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

      ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင်  ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကန်ပိုက်တီနယ် စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန် စီမံကိန်းနှင့်စပ်လျဉ်း၍  ဆောင်ရွက်ထားရှိမှုအခြေအနေများ အား ဆွေးနွေးပြောကြားခဲ့သည်။ ဗဟိုကော်မတီ အဖွဲ့ဝင် ရှမ်းပြည်နယ်စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီး ဦးစိုးညွန့်လွင်က မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ  ဗဟိုကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ဆုံးဖြတ်ချက်များအပေါ် ရှမ်းပြည်နယ်အစိုးရက  ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး  ပူးပေါင်း ဆောင်ရွက်မှုဇုန် (BECZ) တည်ထောင်အကောင်အထည် ဖော်ရေး  လက်ရှိဆောင်ရွက်မှုအခြေအနေများအား ဗဟို ကော်မတီဝင် ကုန်သွယ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက  တင်ပြခြင်း၊  မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင် အကောင် အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ   တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သက် ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုများအား ကုန်သွယ် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖတ်ကြားတင်ပြ ခြင်း၊သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေးတင်ပြခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး  မလိခခန်းမ၌ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ)တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏  စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။      

 

အောင်နိုင်မျိုး

Border Trade News

Pages