ပို့ကုန်တိုးမြှင့်ရေးအတွက် မိကျောင်းကွမ်းဖတ်စေ့များ တိုးမြှင့်တင်ပို့ ကြပါစို့

Thu, 01/30/2020 - 09:10 -- admin_ygn

မိကျောင်းကွမ်းဖတ်စေ့သည် မြန်မာနိုင်ငံအတွင်း  မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းရှိ ညောင်တုန်း၊ ကျောင်း ကုန်း၊ ပန်းတနော်မြို့များတွင်  အလေ့ကျပေါက်လေ့ ရှိသော မိကျောင်းကွမ်းဖတ်ပင်က  ရရှိသည့်  အစေ့များဖြစ်ပြီး အင်္ဂလိပ် အခေါ် ရုက္ခဗေဒ အမည်အနေဖြင့်  Hygrophila Phlomodies ဟု ခေါ်ဆိုသည်။ အဆိုပါ မိကျောင်းကွမ်းဖတ်စေ့များကို တရုတ်နိုင်ငံမှ ပရဆေးဖော်စပ်ရန်နှင့် အလှကုန်ပစ္စည်းများ  ဖော်စပ်ရာ၌ အသုံးပြု ရန်အတွက် ဝယ်ယူမှုများရှိခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံသာမက အိန္ဒိယနိုင်ငံမှပါ  ဝယ်လိုအားရှိလာသည့်အတွက် ရောင်းချနေသူ ကုန်သည်များက ထွက်ရှိရာဒေသများအထိ သွားရောက်ဝယ်ယူသူ များရှိသလို လယ်သမားများအား ငွေကြိုပေး၍ စိုက်ပျိုးခိုင်းခြင်းများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။ မိကျောင်းကွမ်းဖတ်စေ့ကို ယခင်က အလေ့ကျပေါက်သော မိကျောင်းကွမ်းဖတ်ပင်မှ ရိတ်သိမ်းစုစည်း တင်ပို့မှုများ ရှိခဲ့သော် လည်း   ယခုအခါ  ဈေးကွက်ဝယ်လိုအား   ရှိလာသည့်အတွက် တောင်သူများအနေဖြင့် စပါးရိတ်သိမ်းပြီးချိန် မတ်လနှင့်ဧပြီလ တို့တွင် လယ်ယာမြေတွေထဲရေသွင်းပြီး  စပါးမျိုးစေ့ကြဲသလို မိကျောင်းကွမ်းဖတ်စေ့ များကို မျိုးစေ့ကြဲချစိုက်ပျိုးကြပြီး ပထမဦး ဆုံးစိုက်ပျိုးရာတွင် တစ်ဧကလျှင် မိကျောင်းကွမ်းဖတ်စေ့ တစ် တင်းကြဲရန် လိုအပ်သော်လည်း နောက်နှစ်များတွင် မျိုးစေ့အဖြစ် ၁၀ ပြည်လောက်သာကြဲရန် လိုအပ်ကြောင်းနှင့် စိုက်ပျိုးပြီးလေးလ ခန့်ဝန်းကျင်တွင် အသီးမခြောက်ခင်ဆွတ်ခူး၍ နေလှန်းခြင်း၊ မီး နှင့်ကြပ်တိုက်၍ အပူပေးခြင်း ၊ ယခုအခါ သီးနှံအခြောက်ခံစက်များ အသုံးပြု၍ အစေ့ထုတ်လုပ်တင်ပို့ ဆောင်ရွက်ကြကြောင်း သိရ သည်။

 

အဆိုပါ လယ်မြေများထဲတွင်စိုက်ပျိုးထွက်ရှိသည့် မိကျောင်း ကွမ်းဖတ်စေ့ကို သစ်တောဦးစီးဌာနမှ တစ်ပိဿာလျှင် ၁၀ ကျပ် နှုန်းဖြင့် သစ်တောအခွန်ပေးဆောင်စေ၍ သစ်တောမျှောစာထုတ် ပေးဆောင်ရွက်ပေးပြီး မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှု လမ်းကြောင်းအတိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တစ် တန်လျှင် ၃၆၀ဝ၀ ကျပ်နှုန်းထားဖြင့် သယ်ယူကြကြောင်း၊  ပို့ကုန် လိုင်စင်လျှောက်ထားရယူရန် မလိုအပ်သည့်ကုန်ပစ္စည်းဖြစ်သည့် အတွက် မိကျောင်းကွမ်းဖတ်စေ့၏ သတ်မှတ်ဈေးနှုန်းဖြစ်သည့်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၅၂ အတွက် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကိုသာ ပြည်တွင်းအခွန်ပေးဆောင်ရပြီး တစ်ဖက် နိုင်ငံသို့ အလွယ်တကူ တင်ပို့လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ အကောက်ခွန်သက်သာခွင့်ရရှိနိုင်ရေး င်္သမာ-န ကိုလည်း ကုန် သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။ မိကျောင်းကွမ်းဖတ်စေ့ အဓိကထွက်ရှိဝယ်ယူ စုဆောင်း နေရာဖြစ်သော ဧရာဝတီတိုင်းရှိ ညောင်တုန်း၊ ပန်းတနော်၊ ကျောင်း ကုန်းမြို့များရှိ အဝယ်ဒိုင်များမှ စိုက်ပျိုးသူခြံရှင်များထံမှ ဝယ်ဈေး မှာ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ မှ  ကျပ် ၃၀ဝ၀ ထိရှိသဖြင့် တစ် တန်လျှင် ကျပ် ၁၅ သိန်းမှ ၁၈ သိန်းထိရှိပြီး တစ်ဖက်နိုင်ငံ ရွှေလီ- ကျယ်ဂေါင်၏ လက်ရှိရောင်းဈေးမှာ အရည် အသွေးညံ့ပါက ကျပ် ၁၈ သိန်းခန့်၊ အရည်အသွေးကောင်းပါက ကျပ်  ၂၁ သိန်းထိရရှိ သဖြင့် စိုက်ပျိုးသူ တောင်သူလယ်သမားများအနေဖြင့် ဈေးနှိမ် ဝယ်ယူခံရခြင်းမရှိသလို ဈေးကွက်ဝယ်လိုအားရှိသဖြင့် ကုန်သည် များအနေဖြင့်လည်း တင်ပို့နိုင်လျှင် တင်ပို့နိုင်သလောက် အကျိုး အမြတ်ရရှိကြောင်း သိရှိရသည်။

 

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ ရွှေလီ သို့ မိကျောင်းကွမ်းဖတ်စေ့ နှစ်အလိုက်တင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၂၂၆ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၀၉ သန်း၊ ၂၀၁၈ ခုနှစ် ( ငြညင ကြါိနအ) တွင်  ၃၉၀၁ တန်၊ အမေရိကန်ဒေါ်လာ  ၅ ဒသမ ၇၂၂  သန်း ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၀၁၆၃ တန်၊ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၉၃ သန်း ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင် ဘာလအထိ  ၂၁၃၄ တန်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၅ သန်းတို့ဖြစ်၍ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်တင်ပို့ခဲ့ကြောင်း တွေ့ ရှိရသည်။ မိကျောင်းကွမ်းဖတ်စေ့အား မြန်မာနိုင်ငံအတွင်းတွင် လည် ပင်းကြီးရောဂါ၊ အကျိတ်အဖုများ ကုသရာတွင်အသုံးပြုမှု အနည်းငယ် ရှိသော်လည်း အိမ်နီးချင်းတရုတ်နိုင်ငံတွင် ပရဆေးဖော်စပ် ရာတွင် လည်းကောင်း၊ အမျိုးသမီးများ အသားအရေလှပစေရန် အတွက် မျက်နှာပေါင်းတင်ဆေး၊ မျက်နှာသစ်ဆေး အစရှိသည့် အလှကုန်ပစ္စည်းများဖော်စပ်ရာတွင် တွင်ကျယ်စွာ အသုံးပြုမှုများ ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသည့်အတွက် အလေ့ကျပေါက်ပင် များမှ စုဆောင်းတင်ပို့သည့် အခြေအနေမှ ကိုယ်ပိုင်လယ်မြေခြံ များတွင် စနစ်တကျ  တိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်မည်ဆို ပါက ပြည်ပပို့ကုန်ဝင်ငွေ တိုးမြှင့်နိုင်မည့် ပစ္စည်းအမယ်တစ်ခုဖြစ် သည့်အတွက် စီးပွားဖြစ်ဈေးကွက်ဝင်  မိကျောင်းကွမ်းဖတ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက်   မြေအသုံးချရေးနှင့်   ခေတ်မီသီးနှံ အခြောက်ခံစက်များ အသုံးပြုခြင်းဖြင့် လေလွင့်မှုနည်းပါးပြီး အရည်အသွေးကောင်းမွန်သော အစေ့များ  ရရှိနိုင်မှာဖြစ်သည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်ကာလိုအပ်သည့်အကူအညီများရယူပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းများ အဖြစ် စနစ်တကျတိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး အကြံပြု တင်ပြလိုက်ရသည်။

 

ဝင်းဝင်းမာ(မူဆယ်)

Border Trade News

Pages