ဈေးအနည်းငယ် မြင့်တက်လာသည့် အောင်ပန်းအာလူး

Mon, 11/25/2019 - 04:13 -- admin_ygn

        ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်း ပြည်နယ် အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာ ၁၅ ရက် တွင် အောင်ပန်းမြို့မှ  ဝင်ရောက်လာ သော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး A1 ကျပ် ၇၅၀၊ အာလူးOK ကျပ် ၉၀ဝ၊ အာလူး  S1 ကျပ် ၁၀ဝ၀၊ အာလူး S2 ကျပ် ၁၁၀ဝ ဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ   ယခင် တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၂၅၀၊ အာလူး S2 ကျပ် ၃၅၀၊ အာလူး OK နှင့် S1 မှာ ကျပ် ၃၃၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း  ကုန် စည်ဒိုင်ဈေးကွက်မှ သိရသည်။ ရန်ကုန်မြို့ဒေသအတွင်း  လက် လီပြန်လည်ရောင်းချသူများနှင့် အာလူး  ကြော်လုပ်ငန်းရှင်များက  ဝယ်ယူခဲ့ကြ ကြောင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ  တစ်နေ့လျှင် ပျမ်းမျှ ကားအစီးအရေ ခုနစ်စီးခန့်နှင့် တစ်ပတ်အတွင်း ကားအစီးအရေ စုစု ပေါင်း ၃၄ စီး ဝင်ရောက်ခဲ့ပြီး  တစ်နေ့ လျှင် ပျမ်းမျှ ပိဿာချိန် ၄၀၈၀ဝ ခန့်ဖြင့် တစ်ပတ်အတွင်း စုစုပေါင်းပိဿာချိန် ပိဿာ ၂၀၄၀ဝ၀  ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။ 

 

ရွှေဝါထွန်း

(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)

Border Trade News

Pages