ဆန်သိုလှောင်မှု ပမာဏစံချိန်တင်တဲ့အတွက်၂၀၁၃ မှာ ဆန်တင်သွင်းဖို့ မလိုကြောင်း အင်ဒိုပြော

Thu, 05/09/2013 - 09:43 -- admin

              အင်ဒိုနီးရှား ဆန်ဝယ်ယူရေးအေဂျင်စီ ဘူးလော့ဂ်မှာ ၂၀၁၂ အတွင်း သိုလှောင်ဆန်အမြင့်ဆုံးရှိနေတယ်လို့  ဘူးလော့ဂ်တာဝန်ရှိသူကဆိုပါတယ်။ ယခုနှစ်နိုင်ငံတော် ဆန်သို  လှောင်လက်ကျန် တန်ချိန် ၂ ဒသမ ၃ သန်း ထိရှိခဲ့ပြီး၊ ဘူးလော့ဂ်မှ ဝယ်ယူတဲ့ဆန်က တန်ချိန် ၃ ဒသမ ၇ သန်းထိ ရှိခဲ့ပါတယ်။ နိုင်ငံအတွင်း ဆန်သိုလှောင် လက်ကျန်နဲ့ ပြည်တွင်း ဝယ်ယူမှုက ဒီဇင်ဘာလကုန်မှာ အကောင်းဆုံးအနေအထားရှိနေလို့ ဘူးလော့ဂ် သမိုင်း တစ်လျှောက် အကောင်းဆုံး အခြေ အနေဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ဘူးလော့ဂ်အနေနဲ့ ဆန်ဈေးကို တန်းတစ်ခုမှာ တည်ရှိဖို့ ကြိုးစားနေပြီး၊ ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ကာ တောင်သူတွေ ဝင်ငွေကောင်းရရှိဖို့ လည်း အထောက်အပံ့ပြုသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၂ မှာ အင်ဒိုနီးရှားရဲ့ ဆန်တင်သွင်းမှုဟာ ၂၀၁၁ တင် သွင်းခဲ့တဲ့ တန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင် အောက် ၁၅၇ ရာခိုင်နှုန်းကျော်ကျဆင်းပြီး၊ တန်ချိန် ၇ သိန်း သာ တင်သွင်းရမယ်လို့ကန့်သတ်ခဲ့ပါတယ်။ ယခုနှစ် ဆန်ထုတ် လုပ်မှုမှာ ၄ ဒသမ ၈၇ ရာခိုင်နှုန်းခန့် တိုးလာတာ ကြောင့် တင်သွင်းမှုလျှော့ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၃ မှာ စပါးတန်ချိန် ၇၂ သန်း ထိ ၇ ရာခိုင်နှုန်း ထုတ်လုပ်မှု တိုးမြင့်ဖို့ စီစဉ်ထားလို့ လာမယ့်နှစ်မှာ အေဂျင်စီအနေနဲ့ ဆန်တင်သွင်းမှာ မဟုတ်ဘူး လို့လည်းထုတ်ဖော်ပြောကြားပါတယ်။ ဆန်တင်သွင်းဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါကလည်း ထုတ်လုပ်မှု ရဲ့ ရရှိနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ ပြောကြားကြောင်း oryzaသတင်း အရ သိရပါတယ်။

Ref :Posted on 18 December, 2012