လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 02/08/2024 - 03:57 -- mocadmin

   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၄-၂-၂၀၂၄ မှ ၅-၂-၂၀၂၄ ရက်နေ့အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာ၌ ဆန် ၂၆၂.၅၀ တန်၊ ဆန်ကွဲ ၂၃၁.၀၀ တန်၊ ကြက်သွန်နီ ၉၇.၀၀ တန်၊ ဆီးခွဲခြမ်း ၃၃.၀၀ တန်၊ ငရုတ်ခြောက် ၁၅.၅၀ တန်၊ ဂျင်းခြောက် ၀.၅၅၀ တန်၊ ဖရဲသီး ၁၁၂.၀၀ တန်၊ ကြံ ၅၇၀.၀၀ တန်၊ တစ်သျှူးငှက်ပျော ၁၁၃၈.၀၀ တန်နှင့် ဆီးဇံ ၂၅.၀၀ တန် တင်ပို့နိုင်ခဲ့သည်။

   ပို့ကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်း အနေဖြင့် ဆန် ၅၆၀ ဒေါ်လာ၊ ဆန်ကွဲ ၄၅၀ ဒေါ်လာ၊ ပြောင်း ၃၁၀ ဒေါ်လာ၊ ဖရဲသီး ၁၅၀ ဒေါ်လာ၊ တစ်သျှူးငှက်ပျော ၃၈၀ ဒေါ်လာနှင့် ပဲတီစိမ်း ၆၅၀ ဒေါ်လာရှိကြောင်း သိရှိရသည်။

   ယခုအပတ်အတွင်း သွင်းကုန်များအနေဖြင့် သံ ၁၃၈.၄၂၀ တန်၊ ဂျပ်ဖာ ၅၀.၀၀ တန်၊ ကုန်စုံ ၃၅၆.၉၀ တန်၊၂၇၆၇၄ ခု၊ ၂၀၀ ရံ၊ စက္ကူ ၁၈.၅၀ တန်၊ သံပိုက် ၁၈.၇၀ တန်၊ စက္ကူလိပ် ၆.၅၀ တန်၊ ပိုက်ဆက် ၂၂.၇၀ တန်၊ ဆေး ၆၂၃၀၀ ခု ၊ ပိုက်  ၇.၃၀ တန်၊ ၃၀ ခု၊ ပလပ်စတစ် ၁၉.၀၀ တန်နှင့် မြက်ခင်းတု ၇.၉၀ တန် တင်သွင်းနိုင်ခဲ့သည်။

   သွင်းကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်း အနေဖြင့် စက္ကူလိပ် ၃၅၀ ဒေါ်လာ၊ ပီနံအိတ် ၈၀၀ ဒေါ်လာ၊ ပိတ်လိပ် ၅၇၀ ဒေါ်လာ၊ ဂျပ်ဖာ ၃၉၀ ဒေါ်လာ၊ ချည်ခင် ၆၆၇ ဒေါ်လာရှိကြောင်း သိရှိရ ပါသည်။

DOT ( လွယ်ဂျယ်)

Border Trade News

Pages