မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှုအခြေအနေ

Wed, 02/21/2024 - 12:01 -- bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၁၉)ရက်နေ့ အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၉၁၇) ဒေါ်လာနှုန်းဖြင့် (၇၉၅) တန် ၊ တန်ဖိုး (၀.၇၂၉) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၆)ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး(၀.၇၇၉)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင်ကားခ(ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ် မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန် လျက် ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၁၉)ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၁) ဒေါ်လာနှုန်းဖြင့်(၁၀၂၀) တန် ၊ တန်ဖိုး (၀.၈၄၈) ဒေါ်လာသန်း၊ ဓာတ်ဆီ(၁)တန်လျှင် (၉၀၆)ဒေါ်လာနှုန်းဖြင့်(၅၀၀)တန် ၊ တန်ဖိုး (၀.၄၅၃) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၃၀၁) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ (၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေ လဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 

Border Trade News

Pages