မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 03/07/2024 - 06:14 -- mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့တင်ပို့နေသည့် ပို့ကုန်ပစ္စည်းများမှာ ၄-၃-၂၀၂၄ ရက်နေ့တွင် ကြက်သွန်နီ ၁၂၆၂.၁၆၀ တန်၊ ငရုတ်(အခြောက်) ၂၀၄.၉၆၄ တန်၊ ချုပ်ပြီးအဝတ်အထည် (CMP) ၂၄၁၄၄ တန်၊ ပီလောပီနံ(အခြောက်) ၇၀၂ တန်၊ ငရုတ်(အစို) ၉၁.၁၅ တန်နှင့် ပလပ်စတစ်ဖြတ်စ ၁၇ တန်တို့ဖြစ်ပါသည်။

   ၄-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်းများ၊ ပရိဘောဂပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဘတ္ထရီပစ္စည်းများ၊ စက်နှင့်စက်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အခြားစက္ကူများ၊ လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများတို့ဖြစ်ကြောင်း သိရှိရ သည်။

DOT (မြဝတီ)

Border Trade News

Pages