နောက်ဆုံးရ သတင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အောက်ဖော်ပြပါ အခန်း၊ သိုလှောင်ရုံ၊ မြေနှင့် အဆောက်အဦ(၄)ခုတို့အား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅)နှစ်သက်တမ်း၊ (၁)နှစ်တစ်ကြိမ်စာချုပ်စနစ် ၊ ငှားရမ်းမှုတန်ဖိုး၏(၁)လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန်(၅%)တို့အား (၁၂)လစာကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ၅% တိုးမြှင့်၍ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည် -
(က) Lot(1) ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ လမ်း( ၃၀ )၊ အမှတ်( ၃၈ )ရှိ အခန်း(၂/၃)အခန်း(၁)ခန်း
Lot(2) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အထက်ပုဇွန်တောင်လမ်း၊ အမှတ်(၂၄၀)ရှိ
သိုလှောင်ရုံ(C+D)(၂)ခန်းတွဲသိုလှောင်ရုံ(၁)လုံး။
Lot(3) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ၊ ဝေဘာဂီမြို့သစ်၊ (၇) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ၊ အမှတ်
(၁/က) ရှိ မြေ(၄၀' x ၆၀')နှင့် ၎င်းမြေပေါ်ရှိ(၁)ထပ်လုံးချင်း(၂၇'x၂၅'x၁၂') အဆောက်အဦ(၁)လုံး။
Lot(4) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ကန်သာယာရပ်ကွက်၊(၅၇)လမ်း၊
အကွက်(ဖ-၇)၊ဦးပိုင်အမှတ်(၃၂)ရှိ မြေ(၀.၀၅၅၁)ဧကနှင့် ၎င်းမြေပေါ်ရှိ (၁)ထပ်လုံးချင်း (၃၆'x၂၆'x၁၃.၆')
အဆောက်အဦ(၁)လုံး ။
( ခ ) တင်ဒါပုံစံရောင်းချမည့်နေ့ရက် - (၁-၈-၂၀၂၂ မှ ၁၅-၈-၂၀၂၂ ထိ )
( ရုံးချိန်အတွင်း )
( ဂ ) တင်ဒါပိတ်မည့် နေ့ရက်/အချိန် - ၁၅-၈-၂၀၂၂ ရက်နေ့၊ (၁၅:၀၀)နာရီ
(ဃ) တင်ဒါပုံစံရောင်းချမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊
ရုံးအမှတ် (၃) ၊ နေပြည်တော်
( င ) တင်ဒါတင်သွင်းဖွင့်ဖောက်မည့် - ထပ်မံဆက်သွယ်အကြောင်းကြားပါမည်။
နေ့ရက်/အချိန်/
( စ ) တင်ဒါတင်သွင်းဖွင့်ဖောက်မည့် - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊
နေရာ ရုံးအမှတ်(၃)၊ နေပြည်တော်
၂။ တင်ဒါဖွင့်ဖောက်မည့်နေ့တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ဝန်ကြီးဌာန၊တင်ဒါကော်မတီ၏ ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
၃။ ကုန်သွယ်ရေးဦးစီးဌာနမှ ငှားရမ်းမည့် အခန်း၊ သိုလှောင်ရုံ၊ မြေနှင့်အဆောက်အဦများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်သို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံရောင်းချမည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းအမှတ် (၀၆၇-၃၄၀၈၄၁၀) သို့ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကြော်ငြာစာအမှတ် (၁/၂၀၂၂) ဖြင့် လျှောက်လွှာခေါ်ယူခဲ့သည့် ဒု-ဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ၊ ရာထူး (၂၀) နေရာနှင့် အငယ်တန်းစာရေး/အငယ်တန်းစာရေးနှင့်အဆင့်တူ စာရင်းကိုင်-၄ (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)နေရာတို့အတွက် (၁-၈-၂၀၂၂) ရက်နေ့တွင် အင်္ဂလိပ်စာရေးဖြေနှင့် ကွန်ပျူတာလက်တွေ့ကျွမ်းကျင်မှုစစ်ဆေးခဲ့ပြီး လူတွေ့စစ်ဆေးရန် ရွေးချယ်ခံရသူ ဒု-ဦးစီးမှူး (၂၀) ဦးနှင့် အငယ်တန်းစာရေး/အငယ်တန်းစာရေးနှင့်အဆင့်တူ စာရင်းကိုင်-၄ (၂၀) ဦးတို့သည် (၅-၈-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှစတင်၍ လူတွေ့စစ်ဆေးသွားမည်ဖြစ်၍ နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲသို့ (၅-၈-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအရောက် သတင်းပေးပို့ရန်နှင့် ကိုယ်ရေးအချက်အလက်အထောက်အထား (မူရင်း)များအား တစ်ပါတည်းယူဆောင်လာရန် ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့် ယင်း မြေပေါ်ရှိ အဆောက်အဦတို့အား (၅)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ် စာချုပ် ချုပ်ဆို၍ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၂၆.၇.၂၀၂၂)ရက်မှ (၈.၈.၂၀၂၂)ထိ
( ခ ) တင်ဒါပိတ်မည့်နေ့/အချိန် - (၈.၈.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ
( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် - (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(င) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(စ) တင်ဒါစည်းကမ်းချက်များ - (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၀:၃၀)နာရီ
ရှင်းလင်းမည့်ရက်/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။
(ဇ) Depositပေးသွင်းနိုင်သည့်ဘဏ် - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့် ယင်း မြေပေါ်ရှိ အဆောက်အဦတို့၏ မျက်မြင် အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက် များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
နေပြည်တော်၊ ဇူလိုင် ၂၃ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေးနှင့် စက်သုံးဆီ၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် လက်တွေ့စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ နေ့စဉ်ပုံမှန်ရောင်းချပေးနိုင်မှု အခြားလုပ်ငန်းသုံး၊ စီမံကိန်းလုပ်ငန်း၊ အစိုးရဌာနဆိုင် သုံးစွဲမှုများအတွက် ပုံမှန်ရောင်းချပေးနေမှု၊ စက်သုံးဆီ လက်လီလက်ကားဈေးနှုန်းများ နေ့စဉ်ထုတ်ပြန်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးမှု အခြေအနေ သတ်မှတ်ရည်ညွန်းဈေးနှုန်းထက် ပိုမိုရောင်းချနေမှုများအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေးခဲ့သည်။
ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော် ၏ အခွန်ဘဏ္ဍာ တိုးတက်ရရှိစေရေး၊ အခွန်တိမ်းရှောင်ပြီး ရှောင်ကွင်းလမ်းကြောင်းများမှ တရားမဝင် မှောင်ခိုသယ်ဆောင်နေမှုများအပေါ် ထိထိရောက်ရောက် တားဆီးအရေးယူနိုင်ရေးအတွက် မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဆွေးနွေး မှာကြားခဲ့သည်။
စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လက်မှုမရှိစေရေး ဈေးအဆမတန် မြှင့်တင်ရောင်းချနေမှုမျိုး မရှိစေရေးမှာကြားပါသည်။
ထို့နောက် လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှုကြီး ကျော်ကျော်မင်းက တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုန် သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)တာဝန်ခံ ဦးရန်နိုင်လွင်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးလုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရေနံနှင့် ရေနံထွက် ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာန(PPRD) ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်က စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ခြင်းဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လမ်းညွန်မှုဖြင့် မန္တလေးတံတားဦး လေဆိပ်နှင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းသို့ သွားရောက် စစ်ဆေးခဲ့မှုအခြေအနေများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်သုံးဆီ လိုအပ်ချက်ရှိနေမှုအပေါ် ဝယ်ယူလိုမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး အခမ်းအနားကို (၁၆:၃၀) နာရီအချိန်တွင် ရုပ် သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
၁။ အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန်အတွက် အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့(ASEAN ONLINE SALE DAY-AOSD) အား ၂၀၂၀ ပြည့်နှစ် တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၃) နှစ်မြောက်နေ့အဖြစ် ၂၀၂၂ ခုနှစ်အတွက် (၈-၈-၂၀၂၂) ရက်နေ့မှ (၁၀-၈-၂၀၂၂) နေ့အထိ ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရာ မြန်မာနိုင်ငံမှ e-Commerce လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးလေ့လာရန် URL လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လေ့လာရန် URL မှာ URL - https:// onlineasean.com ဖြစ်ပါသည်။
၂။ AOSD ကျင်းပရခြင်းမှာ ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကိုအားပေး ကူညီရန်၊ e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/ MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ AOSD 2022 တွင် အခြား ASEAN နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ တားမြစ်ကန့် သတ်ထားခြင်းမရှိသော ကုန်ပစ္စည်များနှင့်ဝန်ဆောင်မှုများကို e-Commerce လုပ်ငန်းများ၊ Online ဖြင့်ဆောင်ရွက်လျက်ရှိသည့် SME/ MSMEs များမှ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲပါပုံစံတွင် ဖြည့်စွက်၍ [email protected] သို့ ပေးပို့နိုင်ပါရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိ လိုပါက ၀၆၇-၄၀၈၆၇၀/ ၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။