တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Sat, 04/13/2024 - 11:09 -- bordertrade

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ ၈ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၂.၆၅၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁.၅၉၁) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၄.၂၄၈)သန်း ဆောင်ရွက် နိုင်ခဲ့ပါသည်။ (၈-၄-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂,၃၈၁.၈၀၅) တန်၊ တန်ဖိုး (၀.၅၃၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ လိမေ္မာ်သီး  (၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း နှင့် စက္ကူဖြတ်စ (၅၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၀၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၈-၄-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၅၉.၉၇၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၈-၄-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၁၁၃)ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၃၇) ဒေါ်လာသန်း၊ ပလပ်စတစ်ခွက် ​(၀.၀၁၁) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၅၈) ဒေါ်လာသန်း၊ ACTIVATED CARBON (၀.၀၂၀) ဒေါ်လာသန်း၊ ယာဉ်နှင့် ယာဉ်ယန္တရား (၀.၂၂၈) ဒေါ်လာသန်း၊ အခြားပစ္စည်း  (၀.၀၁၄) ဒေါ်လာသန်း အပါအဝင် (၀.၄၉၀) ဒေါ်လာသန်း တင်သွင်း ခဲ့ပါ သည်။

Border Trade News

Pages