မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Sat, 04/13/2024 - 11:04 -- bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၇) ရက်နေ့မှ (၉)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၃၅၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (-) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၃၅၉) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဧပြီလ(၇) ရက်နေ့ မှ (၉) ရက်နေ့ အထိ လယ်ယာ ထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၉၈.၄) တန်၊ (၀.၀၄၀၂) ဒေါ်လာသန်း၊ ငရုတ်သီး (၁၄၃.၀၂၈) တန်၊ တန်ဖိုး (၀.၀၈၇၅) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၈.၀၄၀) တန်၊ တန်ဖိုး (၀.၀၀၄၇) ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၂၀.၁၀၅) ဒေါ်လာနှုန်း၊ ပုစွန် (၂၁၀၃၀.၆၁၉) ဒေါ်လာနှုန်း၊ ကဏန်း (၂၅၃၀.၉၈၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၇၅၀.၈၆၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၀၈.၅၃၆) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၁၁.၇၆၈) ဒေါ်လာနှုန်း၊  တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း ဖြစ်ပါသည်။

                   မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၉-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၆၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၄.၁၇) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Border Trade News

Pages