မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Thu, 04/11/2024 - 06:31 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှ (၈)ရက်နေ့အတွင်း ပို့ကုန်ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၄) ဒေါ်လာနှုန်းဖြင့် (၁၈) တန် ၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်းအားအကောက်ခွန်သက်သာခွင့် ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များလျှောက်ထားရယူ၍မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှ (၈)ရက်နေ့အတွင်းသွင်းကုန်ရင်းနှီး မြှုပ်နှံမှုပစ္စည်း (၉၈.၅၅)တန်၊  (၈၀၀)U တန်ဖိုး (၀.၀၄)ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၃၂၀) တန်၊ တန်ဖိုး(၀.၀၉၂) ဒေါ်လာသန်း တင်သွင်းနိုင်ငံခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၁၃၂) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၅၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၄) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Border Trade News

Pages