မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:15 -- bordertrade

             မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ငါးမှုန့် (၁)တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၃၉၀) တန် ၊ တန်ဖိုး (၀.၃၅၁)ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၂၅) ဒေါ်လာနှုန်းဖြင့် (၂၇၀၀) တန် ၊ တန်ဖိုး (၀.၆၀၈)ဒေါ်လာသန်းအားထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ငါးကြိတ်သား(၁)တန်လျှင် (၁၈၆၉) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်းအား မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်လည်းကောင်းအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့် များလျှောက်ထားရယူ၍ တင်ပို့ခဲ့ခြင်း၊ ရော်ဘာ(၁)တန်လျှင် (၁၃၆၁) ဒေါ်လာနှုန်းဖြင့် (၂၂၁၅.၂) တန် ၊ တန်ဖိုး (၃.၀၁၅)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormEအကျိုးခံစားခွင့်လျှောက်ထားရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့ခဲ့ခြင်းများရှိခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၄.၀၂၅)ဒေါ်လာသန်းအား တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့တွင်း ဓာတ်ဆီ (၁)တန်လျှင် (၉၆၄) ဒေါ်လာနှုန်းဖြင့်(၂၀၀) တန် ၊ တန်ဖိုး (၀.၁၉၃) ဒေါ်လာသန်း၊ဒီဇယ်ဆီ (၁)တန်လျှင် (၈၇၉.၉) ဒေါ်လာနှုန်းဖြင့်(၁၉၀၀) တန် ၊ တန်ဖိုး (၁.၆၇၁) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၈၆၄) ဒေါ်လာသန်းအားတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၉၅၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၅၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages