တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:13 -- bordertrade

             တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၃-၃-၂၀၂၄ မှ ၂၉-၃-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (10,007.754) တန်၊ တန်ဖိုး (၂.၂၇၆) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၇၂.၄၀၀) တန်၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း၊ AROMATIC GINGER  (၃၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ထောပတ်သီး (၁၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၆.၆၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ဆိတ်(အရှင်) (၂၅၀)​ကောင်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ LEAD SULFIDE (၂၈၂.၀၀၀)တန်၊ တန်ဖိုး (၀.၁၂၉) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၈၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) အပါအဝင် ပို့ကုန် တန်ဖိုး (၂.၅၈၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၅၅.၅၉၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၃-၃-၂၀၂၄ မှ ၂၉-၃-၂၀၂၄) တွင် ဓာတ်ဆီ (၂,၉၉၀) BBL ၊ တန်ဖိုး (၀.၃၀၁) ဒေါ်လာသန်း၊ ဒီဇယ် (၂,၈၅၆) BBL ၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၁၃) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း (၀.၁၀၄) ဒေါ်လာသန်း၊ လယ်ထွန်စက်များ (၀.၀၀၅) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၇၃) ဒေါ်လာသန်း၊ Solar Pannel (၀.၀၀၄) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်း (၀.၀၇၁) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၁၄) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၀၅) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁) ဒေါ်လာသန်း၊ မီးဖိုချောင်သုံး ပစ္စည်းများ (၀.၀၁၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၀၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၂၅၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

 

Border Trade News

Pages