လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 09:55 -- bordertrade

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၇-၂-၂၀၂၄)မှ (၂-၃-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၁၅၃.၀၀၀)တန်၊တန်ဖိုး(၀.၆၉၇)ဒေါ်လာသန်း၊ဆန်ကွဲ(၃၆၁.၂၅၀) တန်၊ တန်ဖိုး (၀.၁၅၅) ဒေါ်လာသန်း၊ ကြက်သွန်နီ(၃၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း၊ သခွားမွှေး(၇၉၇.၅၀၀)တန်၊ တန်ဖိုး (၀.၁၆၆) ဒေါ်လာသန်း၊ ပဲယင်း(၃၃.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ထောပတ်ပဲ(၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၇)ဒေါ်လာသန်း၊ကော်ဖီမစ် (၈.၃၀၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ နှမ်းဖြူ(၁၉.၁၅၀၀)တန်၊တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ မြေပဲဆံ (၆၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၇၈) ဒေါ်လာသန်း၊ မြေထောက်ပဲ(၉၀၈.၀၀၀) တန်၊ တန်ဖိုး (၁.၁၆၉) ဒေါ်လာသန်း၊ ဖရဲသီး (၃၇၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၅၃၄) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ကြံ (၅၈၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော (၃၉၀၄.၀၀၀)တန်၊ တန်ဖိုး (၁.၄၁၁) ဒေါ်လာသန်း၊ ငရုတ်ဆော့(၀.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ပဲကြီး (၃၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်း၊ ငရုတ်သီး ခြောက်(၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ ဆီးစေ့ဆံ(၁၆.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၃) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၄၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၀)ဒေါ်လာသန်း၊ဂျပ်ဖာ(၄၉.၉၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊အိတ်အမျိုးမျိုး(၈.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ကုန်စုံ(၇၃၆.၈၃၀)တန်၊(၂၀၁၅၁၂)U၊(၃၄၁၀၀)PAIR၊တန်ဖိုး (၀.၈၉၂)ဒေါ်လာသန်း၊စက္ကူ (၃၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ဖော့(၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ထွန်စက်(၂)U၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ စက္ကူလိပ် (၁၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ဆေးပစ္စည်း (၁၀၈၆၅၈၀)U၊ တန်ဖိုး (၀.၁၃၈)ဒေါ်လာသန်း၊ ကြက်အူချောင်း(၁၁.၇၆၀)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ အခင်း(၉.၀၀၀) တန်၊ (၂၇၀၀၀) pair ၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages