တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Tue, 12/05/2023 - 03:35 -- bordertrade

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၅-၁၁-၂၀၂၃ မှ ၁-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၄၁၆)တန်၊ တန်ဖိုး (၀.၂၂၉) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၃.၅၂၅)တန်၊တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၆၆) တန်၊ တန်ဖိုး (၀.၁၇၄) ဒေါ်လာ သန်း၊စက္ကူဖြတ်စ (၁၇၂) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ Maganese Dioxode (၁၁၄၀) တန်၊ တန်ဖိုး (၀.၀၉၈) ဒေါ်လာသန်း နှင့် ပလတ်စတစ်ဖြတ်စ (၄၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၈၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ် ထက်ကြက်သွန်နီ(၀.၀၃၈)ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၀.၀၆၁) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၀.၀၀၇) ဒေါ်လာသန်း၊ ထောပတ်သီး (၀.၀၄၂) ဒေါ်လာသန်း၊ Maganese Dioxode (၀.၀၄၀) ဒေါ်လာသန်း ၊ စက္ကူဖြတ်စ (၀.၀၀၁) ဒေါ်လာသန်း၊ ပလတ်စတစ်ဖြတ်စ (၀.၀၀၉) ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ယခင်အပတ်ထက် (၀.၁၉၈) ဒေါ်လာသန်းပိုမိုတင်ပို့ခဲ့ပါသည်။ တစ်ပတ် အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၂၄) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၅-၁၁-၂၀၂၃ မှ ၁-၁၂-၂၀၂၃ ထိ )တွင် ဓာတ်ဆီ (၈၉၇) BBL ၊ တန်ဖိုး (၀.၁၀၃) ဒေါ်လာသန်း၊ ဒီဇယ် (၁၈၃၄) BBL ၊ တန်ဖိုး (၀.၂၅၁) ဒေါ်လာသန်း၊ဘိလပ်မြေ(၀.၀၉၇)ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၁၀)ဒေါ်လာ သန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ (၀.၆၁၆) ဒေါ်လာသန်း ၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၃၂) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၁၁၄) ဒေါ်လာသန်း ၊ တာယာနှင့်ကျွတ်များ(၀.၀၀၃)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၃၆) ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး(၁.၃၉၅)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုး (၀.၂၄၁) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

Border Trade News

Pages