DOCA အကြောင်း

Tue, 05/21/2013 - 08:30 -- admin

စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်တာဝန်များ

၁။      စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ

        (က)   မျှော်မှန်းချက်(Vision)

        “စားသုံးသူများလုံခြုံစိတ်ချ ရမှုရှိစေရန် ”

 

        ( ခ )  ရည်မှန်းချက်တာဝန်များ(Mission)

        (၁)    ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့်စားသုံးသူအကျိုးကာကွယ်ရေးဆောင်ရွက်ရန်၊

        (၂)  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊

        (၃)    ထုတ်ကုန်၊သွင်းကုန်များ ထုတ်လုပ်မှု၊ ထုတ်ပိုးမှု၊ သိုလှောင်မှု၊ အရည်အသွေး စီမံခန့်ခွဲ မှုနှင့် စမ်းသပ်စစ်ဆေးမှုဆိုင်ရာသုတေသန၊ ဖွံ့ဖြိုးရေးနှင့်နည်းပညာပေးရေး လုပ်ငန်း များဆောင်ရွက်ရန်၊

 

၂။      စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ

        (က)   စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများချမှတ်ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အကြံဉာဏ်များ၊ ထောက်ခံချက်များနှင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန်။

        ( ခ )  ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ရန်။

        ( ဂ )  အစိုးရမဟုတ်သော စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင် ရေးနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ဆောင်ရွက်ရန်။

        (ဃ)   စားသုံးသူအကျိုးစီးပွားအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် သတင်းဖြန့်ဝေပေး ခြင်းနှင့် စားသုံးသူတို့၏ သဘောထားကိုရယူရန်။

        ( င )  စားသုံးထံမှဖြစ်စေ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့ အစည်းများထံမှဖြစ်စေ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်းသည့် တိုင်ကြားမှုများ ကို လက်ခံဖြေရှင်းပေးရန်။

        ( စ )  စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး စစ်တမ်းများကောက်ယူ၍ သုတေ သနပြုခြင်းနှင့် ယင်းသုတေသနပြုမှုများကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏ အကျိုး အတွက် လိုအပ်သလိုဆောင်ရွက်ပေးရန်။

        (ဆ)   အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင် ရွက်ရန်။

        ( ဇ )  ဘေးဥပဒ်အန္တရာယ်ရှိသော စားသုံးရန်မသင့်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ တားမြစ်နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အကြောင်းကြားရန်။

        ( ဈ )  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု စံချိန် စံညွှန်း ကျွမ်းကျင်မှုအဖွဲ့များနှင့် ဓာတ်ခွဲခန်းများကို လိုအပ်ပါက သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းပေးနိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်။

        (ည)   စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် ယင်းတို့၏ အရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို ပညာပေးရန်။

        ( ဋ )  စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေးပြစ်ဒဏ်အပေါ် အယူခံမှု ကို အဆုံးအဖြတ်ပေးရန်။

        ( ဌ )  တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည့် အစိုးရမဟုတ်သော စားသုံးသူအကာအကွယ် ပေးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်။

        ( ဍ )  စီးပွားဖြစ်ကုန် ထုတ်လုပ်မှုကဏ္ဍအသီးသီး ဈေးကွက်ယှဉ်ပြိုင်ဝင်ရောက်နိုင်စွမ်းရှိအောင် အရည်အသွေးစံချိန်စံညွှန်းမြှင့်တင်ခြင်းကို ထုတ်လုပ်သူများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်း မြှင့်တင်ပညာပေးဆောင်ရွက်ရန်။

        ( ဎ )  ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၌ ဒေသထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ထုတ်လုပ် ရောင်းချနေခြင်းအစား ကုန်ချောအဖြစ်ရောင်းချနိုင်ရန် အသေးစား၊ အလတ်စား(SME) စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက်လာရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေး ကြိုးပမ်းဆောင်ရွက်ရန်။