သွင်းကုန်တင်သွင်းခွင့်ရှိသော နိုင်ငံခြားငွေများ

Wed, 09/30/2020 - 11:12 -- admin

၁။         ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းခွင့် (Import Right) သတ်မှတ်ထားရှိသော ဝင်ငွေ (၉) မျိုးအား ပယ်ဖျက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၂ ခုနှစ်၊ ဧပြီလ(၂၄)ရက် ညွှန်ကြားချက်အမှတ်(၆/၂၀၁၂)အရ နိုင်ငံပိုင်ဘဏ်များရှိ မည်သည့် နိုင်ငံခြားငွေစာရင်းများမှလက်ကျန်များကိုမဆို သွင်းကုန်တင်သွင်းခွင့် အပါအဝင် လွတ်လပ်စွာသုံးစွဲခွင့်ပြုခဲ့ပါသည်။

၂။         ပုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့် ဆောင်ရွက်ပါက ငွေလွှဲစာတမ်း (Normal L/C (or) TT)ဖြင့်သာ ဆောင်ရွက်ခွင့်ပြုပါသည်။ ပုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့် သွင်းကုန်တင်သွင်းရာတွင် သက်ဆိုင်ရာ ဘဏ်များမှတစ်ဆင့် ကုန်ပစ္စည်းတန်ဖိုးကို ပေးချေရာ၌ အောက်ဖော်ပြပါ ငွေကြးအမျိုးအစားများဖြင့် ပေးချေဆောင်ရွက်ခွင့်ပြုသည် -

            ( က )  အမေရိကန်ဒေါ်လာ

            ( ခ )  ယူရို

            ( ဂ )  စင်္ကာပူဒေါ်လာ

            ( ဃ )  ဂျပန်ယန်း

            ( င )  တရုတ်ယွမ်

၃။         နယ်စပ်ကုန်သွယ်မှုနည်းလမ်းဖြင့် ဆောင်ရွက်ပါက တရုတ် ၊ ထိုင်း ၊ အိန္ဒိယနယ်စပ်တို့တွင် နှစ်နိုင်ငံဒေသသုံးငွေကြေးဖြင့် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုပါသည်။