အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

Post date: 13/08/2012

FAO  က ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်း ချက်ကိုလျှော့ချခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ရောင်းအားက ဝယ်လိုအားထက်ကျော်လွန်နေဦးမှာဖြစ်ပြီး၊ ဆန်တင်ပို့တဲ့ နိုင်ငံ များက ပြည်ပတင်ပို့မှု ပိတ်ပင်ဖွယ်မရှိတာကြောင့် စားနပ်ရိက္ခာ အကျပ်အတည်း တိုးလာဖို့မရှိဘူးလို့

Post date: 09/08/2012

Date: 8 August 2012

ဇွန်လအတွင်း တရုတ်နိုင်ငံသည် ဟောင်ကောင်မှ ရွှေကို ဝယ်ယူတင်သွင်းရာတွင် ကီလိုဂရမ်ပေါင်း ၆၇၇၄၇ သာ တင်သွင်းနိုင်ခဲ့သဖြင့် မေလတင်သွင်းမှု ပမာဏထက် ၁၀ % ကျဆင်းခဲ့သည်ဟု ဟောင်ကော် သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ စာရင်းထုတ်ပြန်ခဲ့သည်။

ယင်းကာလတွင် ရွှေတင်သွင်းမှု ကျဆင်းသော်လည်း နှစ်အလိုက် ရွှေတင်သွင်းမှု ပမာဏကို ကြည့်လျှင် တိုးတက်လာသည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် ပထမ (၆) လအတွင်း တရုတ်နိုင်ငံသည် ဟောင်ကောင်မှ ရွှေတန်ချိန် ၃၈၂.၇၉ တန် တင်သွင်းခဲ့ကြောင်း၊ ၂၀၁၁ ပထမ (၆) လအတွင်းက တန်ချိန် ၆၄.၉၅ တန်သာ တင်သွင်းခဲ့သဖြင့် ယခုနှစ် ပထမ (၆) လအတွင်း တန်ချိန် ၃၀၇.၈၄ တန် ပိုမိုတင်သွင်း ကြောင်း သိရသည်။

တင်သွင်းမှု မြင့်မားသည့်အပြင် ယင်းကာလအတွင်း တရုတ်ပြည်တွင်း ရွှေထုတ်လုပ်မှုသည်လည်း ၇.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ချိန် ၁၇၇ တန် ထုတ်လုပ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ ရွှေအသင်းက ပြောကြား ခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အေးနေသဖြင့် တရုတ် နိုင်ငံ၏ ရွှေဝယ်လိုအားလည်း နှေးကွေးလာသည်။ ထို့ကြောင့် တစ်နှစ်တာလုံးအတွက် ရွှေဝယ်လိုအားကို ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း မြင့်မားမည် ခန့်မှန်းထားပြီး တန်ချိန် ၈၇၀ ရှိနိုင်သည်ဟု ကမ္ဘာ့ရွှေကောင်စီ (WGC) က ခန့်မှန်းထားသည်။ ယခင်ခန့်မှန်းချက်မှာ တန်ချိန် ၁၀၀၀ ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းမြင့်မားကာ တန်ချိန် စုစုပေါင်း ၇၆၉.၈ တန် ရှိခဲ့သည်ဟု WGC ၏ စာရင်းများအရ သိရသည်။

Source: dawn.com, bloomberg.com

pa pa

Post date: 09/08/2012

Date: 8 August 2012

သြဂုတ်လအတွင်း ထိုင်းဆန်ကို အာဖရိကနှင့် အီရတ်နိုင်ငံများမှ ဝယ်လိုအားရှိလာသည်ဟု သိရသည်။ အာဖရိကနိုင်ငံများသည် ထိုင်းပေါင်းဆန်အပြင် ဆန်ဖြူ (၂၅ % ဆန်ကွဲ) ကိုလည်း ဝယ်လိုအား ရှိနေသည်။ သို့သော် ထိုင်းနိုင်ငံတွင် ဆန်အများစုကို အစိုးရမှ ဝယ်ယူသိုလှောင်ပြီး ဖြစ်နေသဖြင့် ဈေးကွက်အတွင်း ဆန်ဖြူ (၂၅ % ဆန်ကွဲ) နည်းပါးနေသည်။ ထို့ကြောင့် ဆန်တင်ပို့သူများသည် အာဖရိကသို့ ဆန်တင်ပို့ ရောင်းချရန် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ ဆန်များကို ဝယ်ယူနေကြသည်ဟု သိရသည်။

ထို့ကြောင့် သြဂုတ်လ (၈) ရက်နေ့ ဗီယက်နမ် ဆန်ဖြူအမျိုးအစားအားလုံး ဈေးနှုန်းများသည် လဆန်း ပိုင်းကထက် တစ်တန်လျှင် ၁၅ ဒေါ်လာမှ ၂၀ ဒေါ်လာထိ ဈေးမြင့်လာသည်။ အထူးသဖြင့် ဆန်ဖြူ (၁၅ % ဆန်ကွဲ) နှင့် ဆန်ဖြူ ((၂၅ % ဆန်ကွဲ) ဈေးနှုန်းများ တစ်တန်လျှင် ၂၀ ဒေါ်လာစီ ဈေးမြင့်လာသည်။

သြဂုတ်လဆန်းက တစ်တန်လျှင် ၃၉၅ ဒေါ်လာရှိခဲ့သော ဗီယက်နမ် ဆန်ဖြူ (၁၅ % ဆန်ကွဲ) သည် သြဂုတ်လ (၈) ရက်နေ့တွင် တစ်တန်လျှင် ၄၁၅ ဒေါ်လာသို့ ရောက်ရှိလာသည်။ ဗီယက်နမ် ဆန်ဖြူ (၂၅ % ဆန်ကွဲ) သည်လည်း ၃၈၀ ဒေါ်လာမှ ၄၀၀ ဒေါ်လာအထိ မြင့်မားလာသည်။

ထိုင်းနိုင်ငံမှ ဆန်တင်ပို့သူများသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဆန်ဝယ်ယူတင်သွင်း ရာတွင် နယ်စပ်မှတဆင့်မှောင်ခိုတင်သွင်းမှုများနေသဖြင့် ထိုင်းနိုင်ငံသို့မည်မျှဝယ်ယူ တင်သွင်းပြီး ဖြစ်သည်ကို ခန့်မှန်း၍မရကြောင်း ဆန်တင်ပို့သူများက ပြောကြသည်။

Source: business.asiaone.com

pa pa

Post date: 09/08/2012

ခရီးသွားများ ရွှေအမြောက်အမြား တိုင်းပြည်တွင်းသို့ သယ်ဆောင်လာမှုနဲ့ တိုင်းပြည်မှယူငင်မှုများကို  တားမြစ်  သွားရန်အတွက် ဗီယက်နမ်အစိုးရစဉ်း စားနေတယ်လို့ သတင်းရရှိပါတယ်။ အနည်းအကျဉ်း   သယ်ယူမှုကိုတော့ အကောက်ခွန်ဌာနရဲ့ ခွင့်ပြုချက် နဲ့ ဆောင်ရွက်နိုင်မယ်လို့

Post date: 08/08/2012

အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံနဲ့ စားသုံးဆီတန်ဖိုး ရူပီးကုဋေ ၅၅၀၀၀ ဖိုး တင်သွင်းခဲ့ပြီး၊ ယခုနှစ်မှာ ရူးပီး ကုဋေ ၆၀၀၀၀ အထိ တင်သွင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ မှာ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံတန်ချိန် ၃ သန်းခန့်အထိ တင်သွင်းခဲ့ရပြီး၊

Post date: 07/08/2012

အိန္ဒိယမှာ မုတ်သုန်မိုးရရှိမှုနောက်ကျနေရာ လက်ရှိစပါးစိုက်ပျိုးပြီးစီးမှု ဧရိယာက ယခင်နှစ်နဲ့ ယှဉ်ရင် ၉ ရာခိုင်နှုန်း လျော့နည်းလျက်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့အိန္ဒိယမှာ ဆန်တန်ချိန်များစွာ သိုလှောင်ထားရှိပြီး ပြည်တွင်း စားသုံးမှုအတွက်

Post date: 03/08/2012

ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပနတ်ဒါးဒစ်စကွန်းနဲ့ ဂျပန်နိုင်ငံ ခန်ဆိုင်းကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်စားလှယ် အဖွဲ့တို့ ချင်းမိုင်မှာ ဇူလိုင်လ ၇ ရက်နေ့ကတွေ့ဆုံကြပြီး ချင်းမိုင်နဲ့ခန်ဆိုင်းပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့

Post date: 03/08/2012

ထိုင်းနိုင်ငံမှကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းရှင်များပူးပေါင်း၍ စက်တင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BITEC ခန်းမ ၁၀၁-၁၀၂ မှာ '' ၂ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ကုန်စည်ဝန်ဆောင်မှုပွဲ ၂၀၁၂ ''  (The 9 th Thailand International Logistics Fair 2012) ကို ၄ ရက်ကြာကျင်းပသွားမယ်လို့

Post date: 03/08/2012

အီရတ်နိုင်ငံက ထိုင်းနဲ့ ဥရုဂွေးနိုင်ငံတွေမှ ဆန်တန်ချိန် စုစုပေါင်း ၁၁၀၀၀၀ ကို တင်သွင်းဖို့ ဝယ်ယူခဲ့တယ်လို့ အီရတ်နိုင်ငံ ကောက်ပဲသီးနှံအသင်းက ပြောကြားတယ်။ ဒီလိုဝယ်ယူရာမှာ CIF စနစ်နဲ့ ဝယ်ယူမှာဖြစ်ပြီး ထိုင်းနိုင်ငံမှ

Post date: 03/08/2012

ကမ္ဘာမှာ ဆန်ဒုတိယအများဆုံးတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံဟာ ဇူလိုင်လမှာ ဆန်တန်ချိန် ၈၀၀၀၀၀ ကို သင်္ဘောတင်နိုင်ခဲ့တယ်လို့ ဟနွိုင်းအထွေထွေစာရင်းရုံး (GSO)  က ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။ ယမန်နှစ်ကာလတူမှာ တန် ၇၅၀၀၀၀ တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင်

Pages